Monday, May 28, 2018

သင်တို့မလေ့လာမိသောချာချင်လိုင်းပျောက်ဆုံးခြင်း

သင်တို့မလေ့လာမိသော ခြာချင်လိုင်းပျောက်ဆုံးခြင်း

အချို့အချို့သောဆိုင်ကယ်များတွင် သတိမမူဂူမမြင်ပဲလုပ်လိုက်သောကိစ္စလေးများကြောင့် ဆိုင်ကယ်chargingလိုင်းအောက်သွားတာတွေဖြစ်တတ်ပါတယ် ကဲဘာတွေကြောင့်ဖြစ်တတ်ပါသလဲ ဆိုင်ကယ်တစီးစက်နိုးမရတော့ဘူးဆိုပါစို့ မီးလိုင်းလဲမီးမဆင်းတော့ဘူးဆိုပါတော့ cdi နဲ့အခြားမီးပိုင်းစနစ်တွေလဲကောင်းနေတယ်ပေါ့ ကဲကွိုင်ပဲလဲလိုက်တော့မယ်
ဟုတ်ပီ ကိုယ်ကသတိမထားဘဲ ခြောက်ထုပ်ကွိုင်ဝါဝါကို ခြောက်ထုပ်ကွိုင်ဝါဖြူတပ်မိနေပီဆိုရင်တော့
မလိုလားအပ်သောchargingလိုင်းကြောင်မှုတွေဖြစ်လာပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့ လူကြီးမင်းလဲထားသောကွိုင်ဟာစက်နှိုးဖို့ကိုပဲတာဝန်ယူထားပီးchargingအတွက်မသက်ဆိုက်သောကွိုင်ဖြစ်နေတာကြောင့်ပါ ဒါကြောင့်အဲ့လိုတွေများဖြစ်ခဲ့မယ်ဆိုရင် ခြောက်ထုပ်ဝါဝါနောက်တစ်ထုပ်ဝယ်ဖို့မလိုအောင်မိမိဖာသာ ဝါဖြူကို ဝါဝါ ပြောင်းလဲနိုင်ပါတယ်
ဘယ်လိုပြောင်းမလဲ ကွိုင်မှာခဲဆော်ထားသော ငုတ်ကကြိုးလေးတွေအပြောင်းအလဲလုပ်ပေးရုံနဲ့ ဝါဝါအဖြစ်ပြောင်းသွားပါလိမ့်မယ် ကွိုင်ရဲ့သဘောတရားဆက်သွယ်မှုအထားအသိုလေးပြောင်းပေးလိုက်တာပါ ကွိုက်ငုတ်မှာ ကြေးကြိုးနစ်ချောင်းပူးဆေိာထားတဲ့ငုတ်ကိုရှာပါ
ပြီးရင်အဲ့ငုတ်ကဝါယာကိုဖြုတ်ပါပြီးရင်အစိမ်းကြိုးနဲ့ဆက်ထားသောကြေးကြိုးကိုဖြုတ်ပါ ပြီးရင်ခုနဖြုတ်ထားသောဝါယာနဲ့ခုဖြုတ်လိုက်သောကြေးကြိုးဆက်ပါ ဝါဝါဖြစ်ပီပေါ့
ဝါဝါကွိုင်အသုံးပြုထားသောဘီးသည်ဒိုင်အုပ်အကြီးအသုံးပြုရမည်ဖြစ်ပီး ဝါဖြူအသုံးပြုထားသောကွိုင်အတွက်ဒိုင်အုပ်အသေးသာအသုံးပြုရမည်ဖြစ်သည် တပည့်များအားလုံးလောကသားညီအကိုများအားလုံးလွယ်ကူစွာတတ်မြောက်နိုင်ကြပါစေ။

No comments:

Post a Comment