Monday, May 28, 2018

ဆီစိမ်ပါဆာနှင့်ပါဆာအခြောက်တို့၏ဖြစ်တတ်သောအပြစ်များ

ဆီစိမ်ပါဆာနှင့်ပါဆာအခြောက်တို့၏ပြစ်ချက်များ

ပါဆာ တို့သည် ဆိုင်ကယ်အမျိုးအစားပေါ်မူတည်ပြီး တပ်ဆင်အသုံးပြုမှုတို့ကွဲပြားကြသည်
ကဲပါဆာမှာ ဆီစိမ်ပါဆာ တို့၏ဖြစ်တတ်သော
သဘောကိုအရင်ရှင်းပြပေးမည်
ဆီစိမ်ပါဆာဆိုသည်မှာ သံလိုက်အုံအတွင်းသို့အင်ဂျင်ဝိုင်ဝင်ရောက်နိုင်အောင်စီမံပေးထားသောဆိုင်ကယ်များတွင်တပ်ဆင်အသုံးပြုသည် ။
သံလိုက်အုံအတွင်းအင်ဂျင်ဝိုင်ဖြတ်သန်းစေခြင်းမှာ အင်ဂျင်၏ပွန်းစားမှုကြောင့်ဖြစ်ပေါ်လာသောသံမှုန့်သေးသေးလေးများ စလစ် ပစ္စတင် ရိန်းများကြား ပါမသွားစေရန် စတတ်ပင်နီယံများ စတတ်ဘောများအတွင်းဆီဝင်ရောက်နိုင်ရန် သံလိုက်အုံအတွငိးပိုင်းအထိ အင်ဂျင်ဝိုင်ဖြတ်သန်းစေခြင်းဖြစ်သည်။
သံမှုန်သံမွှားတို့သည် သံလိုက်ဘီးတွင်လာရောက်ကပ်ညိကြသည်။
ထို့အပြင် ပါဆာ၏ ပွိုင့်ကလေးပေါ်နှင့်ပတ်ဝန်းကျင် ground area (အပ်ချထားသော ဧရိယာ)အတွင်းဝင်ရောက်ငြိကပ်ကြသည်။
ထိုသို့ကပ်ညိလာသည့်အခါ ဆိုင်ကယ်သည်
စက်နှိုး၍ရသည် စလိုးနေသည် လီဘာတင်လျှင်
မရဘဲအောက်အောက်သွားသည်။ထိုအခါဝပ်ရှော့ဆရာတို့ ကာဗျူရေတာစစ်ကြသည် ပလပ်လဲကြသည် မီးထုပ် cdiစသဖြင့်လဲသော်လဲမရ တိုင်ပင်ပြန်ချိန်သော်လဲမထူး တိုင်ပတ်နေတတ်သည်။အလားတူဖြစ်စဉ်သည်ပလပ်ကွိုင်မကောင်းလျှင်လဲ ဖြစ်တတ်သည်။ပြစ်ချက်ခြင်းပုံစံတူသည်။စာရေးသူကိုယ်တိုင် နဖူးတွေ့ဒူးတွေ့တွေ့ထားသောပစ်ချက်များဖြစ်သည်။အဲ့လိုမျိုးပါဆာမှဖြစ်လာလျင် အင်ဂျင်ဝိုင်လဲပေးခြင်း ပါဆာကွိုင်အားဓာတ်ဆီဖြင့်ဆေးကြောပေးခြင်းတို့ပြုလုပ်ပေးလိုက်လျှင် မူလအတိုင်းပြန်လည်ကောင်းမွန်သွားမည်ဖြစ်သည်။
ပါဆာအခြောက် အကြောင်းလေးရှင်းပြပေးမည်
တရုတ်ဆိုင်ကယ်တတော်များများပါဆာအခြောက်နှင့်လာတတ်သည်။၎င်းပါဆာသည်လဲ ပါဆာအစိုလိုပြသနာတက်နိုင်သည်
စတတ်ဘောစတတ်ချိန်းတို့မှ ပွတ်တိုက်ပွန်းစားပြီးကျရောက်လာသောသံမှုန်သံမွှားတို့သည်သံလိုက်ဘီးနှင့်ပါဆာတို့၏ထိပ်တွင်လာရောက်ညိကပ်နေကြသည်။ထိုအခါပါဆာထိပ်နှင့်ground area(အပ်ချထားသောဧရိယာ)အတွင်းဝင်ရောက်ငြိကပ်ကြသည်။ထိုအခါဆိုင်ကယ်သည်စက်နှိုးရသည် စလိုးလဲငြိမ်သည် လီဘာတင်လျှင်အောက်အောက်သွားသည်။ထိုသို့ပစ်ချက်မျိုး ပလပ်ကွိုင်မကောင်းလျှင်လြဲဖစ်တတ်ပါသည်။
ပါဆာကြောင့်ဆိုလျှင်သူ့ပတ်ဝန်းကျင်ရှိသံမှုန်များဖယ်ရှားပေးလိုက်လျှင် မူလအတိုင်းပြန်ကောင်းသွားမည်ဖြစ်သည်။လောကသားညီအကိုများလွယ်ကူစွာသင်ယူတတ်မြောက်နိုင်ကြပါစေ။

No comments:

Post a Comment