Wednesday, June 13, 2018

Cdiငါးပင်အသုံးပြုပြီးသော့ပိတ်သော်လည်းစက်ရပ်မရသည့်ပြသနာ

Cdiငါးစအသုံးပြုထားတဲ့ဆိုင်ကယ်ဘာကြောင့်သော့ပိတ်သော်လည်းစက်မရပ်တာလဲ

Cdiငါးစတွေရဲ့အလယ်ငုတ်ဟာစက်သတ်ကြိုးပါဒါကြောင့်နက်ဖြူကြားကြိုးမကောင်းလျှင်သော်လည်းကောင်း cdi ပင်လွတ်နေလျှင်သော်လည်းကောင်း
သော့မှအစိမ်းစလွတ်နေလျှင်သော်လည်းကောင်း သော့မကောင်းတော့လျှင်သော်လည်းကောင်း ထိုသို့သောပြစ်ချက်ကြုံရတတ်သည်
ဖြေရှင်းနည်းကတော့မီတာကိုx10မှာထားပါပြီးရင်cdiမှနက်ဖြူကြားကြိုးကိုမီတာတံတစထောက်ပါပြီးလျှင်သော့မှနက်ဖြူကြားကြိုးကိုမီတာတံတစထောက်ပါမီတာပြလျှင်ကြိုးconnectionကောင်းပြီပေါ့ အကယ်၍မီတာတိုင်းလို့မပြခဲရင် cdiမှသော့သို့ဝါယာတစ်ချောင်းအစားထိုးပေးပါ နောက်တခုသော့မှအစိမ်းကြိုးကိုစမ်းမယ်မီတာကိုx10မှာထားပါဆော့ကစ်မဖြုတ်ဘဲတိုင်းမယ်သော့အစိမ်းစထဲသို့မီတာတံတစထည့်ဆိုင်ကယ်ဘော်ဒီသို့မီတာတံတစထောက်မီတာလက်တံအပြည့်ပြရမည်ဒါဆိုအစိမ်းလိုင်းကောင်းတယ်ပေါ့ မပြခဲ့လျှင်အစိမ်းလိုင်းကိုအပ်ချပေးပါ။သော့ကောင်းမကောင်းစမ်းမယ်မီတာကိုx10မှာထားပါသော့ဆော့ကစ်ဖြုတ်ပါပြီးရင်သော့မှနက်ဖြူကြားကိုတစထောက်အစိမ်းစကိုတစထောက်ပါသော့ပိတ်ထားလျှင်မီတာအပြည့်တက်ရမည် သော့ဖွင့်လိုက်လျှင်လုံးဝမပြတော့ပါဒါဆိုသော့ကောင်းသည် ပိတ်ထားပါလျှက်မီတာတိုင်းလို့မပြလျှင်
သော့သာအသစ်လဲပေးလိုက်ပါ လေ့လာနေသောတပည့်များလက်တွေ့အသုံးပြုနိုင်ကြပါစေ ဆရာကြီးလုပ်နေသူများလဲခိုးဖတ်ပီးမိတ္တူပြုနိုင်ကြပါစေ

Tuesday, June 5, 2018

သော့ပိတ်ထားသော်လည်းစတတ်မော်တာလည်နေခြင်းအကြောင်းတရားဖြေရှင်းနည်း

သော့ပိတ်ထားသော်လည်းစတတ်မော်တာလည်နေခြင်းအကြောင်းတရား

ဆိုင်ကယ်သမားတစ်ယောက်အပြေးအလွှားနဲ့ကိုယ့်ဆိုင်ထဲကိုဝင်လာမယ် ဆရာရေလုပ်ပါဦးကျနော့်ဆိုင်ကယ်ကြီးကဘာဖြစ်တယ်မသိ သော့ခတ်ထားရက်နဲ့ စက်နိုးသလိုကြီးအော်နေတယ်မော်တာကဒီအတိုင်းကြီးလိုက်လည်နေတယ်ဆရာ ခုလေးတင်ဖြစ်တာ စီးလာတာအကောင်းပဲ ကဲဝပ်ရှော့ညီအစ်ကိုများ ဘာကစလုပ်ကြမလဲ တချို့ကတော့မလုပ်တတ်တော့ ဘက်ထရီအိုးအားကုန်မှရပ်တော့တယ်
ပြီးမှဘာဆက်လုပ်ရမှန်းမသိဖြစ်နေကြတယ် ဖြူးဖြုတ်သော်လည်းမရ ဘာကြောင့်မရသလဲမေးလေ ဘယ်ရမလဲဘက်ထရီအိုးမှမိန်းကြိုးအနီကြီးဟာဆိုလိုနိုက်ကိုတိုက်ရိုက်သွယ်ထားတဲ့ကြိုးဖြစ်တာကြောင့်သော့ပိတ်ထားသော်လည်းဆိုလိုနိုက်အတွင်းဗို့ရှိနေပြီးဆိုလိုနိုက်မကောင်းတော့သည့်အခါသော့ပိတ်ထားသည့်တိုင်မော်တာလိုက်လည်နေရခြင်းအကြောင်းတရားဖြစ်ရပါသည်။မသိသူများကတော့စတတ်ခလုတ်တွေလဲကြဟိုဟာလုပ်ကြဒီဟာလုပ်ကြနဲ့ရွာလည်ကြသည်။မှတ်ထားညီအကိုများအဲ့လိုဖြစ်လာရင်ဆိုလိုနိုက်သာလဲပစ်okပဲ

ဆိုင်ကယ်တစီးပါဝါမီးအောက်သွားရင်ဘာတွေစစ်မလဲ

ဆိုင်ကယ်တစ်စီးပါဝါလိုင်းအောက်သွားပြီဆိုရင်ဘာတွေအရင်စစ်မလဲ

ကောင်းပြီးဆိုင်ကယ်တစ်စီးကိုယ့်ဆီလာအပ်တယ်ဆိုပါတော့ ဆရာရေကျနော့်ဘီးလေး ဘာမီးမှမလာတော့လို့ဆရာ ဘက်ထရီကလဲအသစ် ပြီးတော့သော့ကလဲအသစ် ဖြူးအိမ်လဲအသစ်လဲထားတယ်ဆရာ တပ်ခါစကလဲဘာမှမလာလို့အကုန်လဲကည့်တာလဲတော့လဲဘာမှမရလို့ဆိုပြီးဆိုင်လာပြတယ် ဟုတ်ပြီဝပ်ရှော့ဆရာကသူထင်ထားတာမှန်သမျှကာစတန်မာကလဲလာပြီးသားဖြစ်နေလေတော့ရုတ်တရက်ဘယ်ကစလို့ဘာလုပ်ရမှန်းမသိဖြစ်တတ်တယ် အဲလိုဖြစ်နေတုန်းဘီးပိုင်ရှင်ကမေးမယ်ဆရာဘာတေလဲရမလဲ ဘာလုပ်ရမလဲ ဘယ်လောက်ကျမလဲတွေစုံအောင်မေးပါလိမ့်မယ် သူထင်သမျှအကုန်လဲပီးမရလို့လာတာကိုး ကဲဒီတော့ဝပ်ရှော့ဆရာအနေနဲ့လုပ်စရာတစ်ခုပဲရှိတယ်ဘာလဲဆိုတော့ဝါယာရိန်းလိုသ်းအတွင်းမှဆိုင်ကယ်တစ်စီးလုံးကိုမီးဝေပေးတဲ့အနက်ကြိုးကိုလိုက်စစ်ပါမယ် အဓိကပြသနာဟာအနက်ကြိုးကြောင့်ပါ ပြတ်နေရင်ပြန်ဆက်ပေးပါ လောင်နေရင် အသစ်လဲပေးပါ ဒါဆို အိုကေပီ ဝပ်ရှော့ညီအစ်ကိုများပညာရရှိနိုင်ကြပါစေ။