Monday, July 9, 2018

စတတ်မော်တာတွေဘာကြောင့်ပြောင်းပြန်လည်ကြတာလဲ

စတတ်​​မော်​တာ​တွေဘာ​ကြောင့်​​ပြောင်းပြန်​လည်
ကြတာလဲ

ဆိုင်​ကယ်​မှာပါတဲ့စတတ်​​မော်​တာ​တွေဟာ ပုံ​သေသံလိုက်​နဲ့ ယာယီသံလိုက်​ကို အသုံးပြု
ပြီးလည်​ပတ်​​စေတာဖြစ်​တယ်​။ပုံ​သေသံလိုက်​ဆိုတာဘာလဲ ဟုတ်​ပြီ ရှင်းမယ်​ ​မော်​တာရဲ့အဖုံး စ​လောင်းမှာတပ်​ဆင်​ထားတာပိုပုံ​​သေသံလိုက်​အမြဲတမ်းသံလိုက်​လို့​ခေါ်တယ်​။မော်​တာရဲ့အတွင်းပိုင်းအူတိုင်​​ချောင်းကြီးက​တော့ အာ​မေချာကွိုင်​လို့​ခေါ်တဲ့ယာယီသံလိုက်​ကြီးပါ။ဘာ​ကြောင့်​ယာယီသံလိုက်​လို့​ခေါ်ရတာလဲ ဟုတ်​ပြီ ယာယီသံလိုက်​ဆိုတာဟာ အဲ့ဒီကွိုင်​အတွင်းသို့လျှပ်​စီးပတ်​လမ်း​ရောက်​မှသာသံလိုက်​အလုပ်​ကိုလုပ်​​ဆောင်​တာဖြစ်​တယ်​ ဒါ​ကြောင့်​ စတတ်​ခလုတ်​ကိုနှိပ်​တဲ့အခါ ဆိုလိုနိုက်​က တပ်​တပ်​ဆိုပြီး အသံနှင့်​အတူ ဘက်​ထရီရဲ့မိန်းဝါယာတစကိုပူး​ပေးလိုက်​တယ်​။အဲ့လိုပူး​ပေးလိုက်​တာနဲ့ ဘက်​ထရီရဲ့ဗို့အားဟာ ​မော်​တာအတွင်းရှိ အာ​မေချာကွိုင်​လို့​ခေါ်တဲ့ ယာယီသံလိုက်​တုံးဆီသို့ ကာဗွန်​မှတဆင့်​ဖြတ်​သန်းစီးဝင်​သွားတယ်​။မော်​တာရဲ့​ဘော်​ဒီဟာအပ်​​ပေါ့။ဒါ​ကြောင့်​အပ်​ကပုံ​သေရှိနှင့်​ပြီးဖြစ်​တာ​ကြောင့်​ အ​ပေါင်းဗို့အား​ရောက်​ရှိလာသည်​နှင့်​ အာ​မေချာကွိုင်​ကြီးဟာ ယာယီသံလိုက်​အလုပ်​ကိုလုပ်​​ဆောင်​ပါ​တော့တယ်​။အဲ့ဒီမှာ သံလိုက်​အချင်းချင်းတွန်းကန်​ပြီး​မော်​တာဟာ လည်​ပတ်​ခြင်းစတင်​ပါ​တော့တယ်​။မော်​တာဟာသူ့ပတ်​လမ်းအတိုင်းလည်​ပတ်​​နေတာမှန်​​သော်​လဲ မိမိအသုံးပြုလိုသည့်​လားရာဖက်​ကို ​ပြောင်းလဲအသုံးပြုနိုင်​တယ်​ ဆိုလိုတာက ဘယ်​လည်​ ညာလည်​ ​ပေါ့။အဲဒီမှာပြသနာကဘာလဲဆို​တော့ ဝပ်​​ရှော့ညီအကို​တွေ ​မော်​တာစ​လောင်းကသံလိုက်​တုံး​လေး​တွေကွာ​နေတာမြင်​ဖူးကြုံဖူးမယ်​ထင်​ပါတယ်​။လွယ်​လွယ်​ပဲသံလိုက်​ကိုဖြုတ်​လိုက်​တယ်​ ဆူပါဂလူး​ကော်​နဲ့ကပ်​ပြီးပြန်​တပ်​တယ်​ ပြီး​တော့​မော်​တာက ​ပြောင်းပြန်​လည်​​တော့တာပါဘဲ။အဲ့အချိန်​မှာစတတ်​​ဘောလဲသူလဲရှိမယ်​ ကျန်​တာဘာညာ လိုက်​လုပ်​ မရသူလဲရှိမယ်​ ဘာဖြစ်​လို့လဲဆို​တော့ ​မော်​တာ​ပြောင်းပြန်​လည်​ခြင်းဟာ အင်​ဂျင်​ကိုချိတ်​ပြီးမရုန်း​တော့ဘဲစတတ်​​ဘော​ချော်​သလို ဖရီးလိုက်​လည်​​နေတာပါဘဲ။ကဲဘယ်​လိုပြင်​မလဲ ​နောက်​ဆိုသံလိုက်​ကွာတာ​တွေ့ရင်​ အခြမ်းဘယ်​ညာမလွဲ​စေနဲ့ သံလိုက်​အ​ပေါ်​အောက်​မမှား​စေနဲ့​ပေါ့။မှားခဲ့ရင်​လဲလွယ်​ပါတယ်​ သံလိုက်​အုံစ​လောင်းကိုလှည့်​ပြီးထည့်​​ပေးလိုက်​ပါ။ရှစ်​နပ်​အကြီးနစ်​လုံးပဲတပ်​လို့ရမယ်​ ကျန်​နပ်​အ​သေးသုံးလုံးတပ်​မရ​တော့ပါ အ​ပေါက်​​တွေလွဲ​နေလိမ့်​မယ်​။ကိစ္စမရှိ
ဘူး ​မော်​တာအမှန်​အတိုင်းပြန်​လည်​လိမ့်​မယ်​။နောက်​တနည်းက​တော့ကာဗွန်​ငုတ်​​ပြောင်းတပ်​ရင်​လဲရပါတယ်​ အဲ့နည်းကဝါယာမကျွမ်းရင်​မီး​လောင်​နိုင်​တာမို့​ပြောမပြ​တော့ပါဘူး။ဂပ်​​ရှော့ညီအကိုများပညာရရှိပြီးအဆင်​​ပြေတတ်​​မြောက်​ကြပါ​စေ။
ဆရာစွမ်းနိုင်​ ဆင်​ဖြူကျွန်း

Thursday, July 5, 2018

Efiအော်တိုစတတ်မော်တာဘီးများအတွက်

စတတ်မော်တာအသုံးပြုထားသောယိုးဒယားEFIအော်တိုဘီးများအတွက်
စတတ်မော်တာအသုံးပြုထားသောယိုးဒယားefiအော်တိုဘီးများတွင်ဖြစ်လေ့ဖြစ်ထရှိသော စက်နိုးပြီးမော်တာလိုက်လည်နေခြင်းပြစ်ချက်ဖြေရှင်းပါမယ် ကျနော်တို့စက်စပြီးနှိုးဖို့စတတ်မော်တာကိုအသုံးပြုခြင်းဖြစ်သလို မော်တာရဲ့အလုပ်ဟာ စက်နှိုးပြီးတာနဲ့ ရပ်တန့်သွားရမှာဖြစ်တယ်။အဲမရပ်တန့်ဘဲဆက်ပြီးအင်ဂျင်နဲ့အတူလိုက်လည်နေတယ်ဆိုရင်တော့ သေခြာပီ လိုအပ်ချက်တစ်ခုတော့ရှိနေလို့ပါဘဲ။ရီလေးဘူးကြောင့်လားသိခြင်တာတို့ ခလုတ်ကြောင့်လားသိခြင်တာတို့ဆိုရင်ဖြင့်စက်နိုးနေတဲ့ခါ တခုခြင်းဖြုတ်ကြည့်ပါ ခလုတ်ဖြုတ်သော်လည်းမော်တာလည်မြဲပဲ ဆိုလိုနိုက်ရီလေးဖြုတ်သော်လည်းမော်တာလည်မြဲလိုက်လည်နေတယ်ဆိုရင်တော့ ပတ္တားကြိုးအုံကိုဖွင့်လိုက်ပါပြီးရင်တော့မော်တာရဲ့ထိပ်အုပ်ကလေးကိုဖွင့်ပါ ပြီးရင် မော်တာစတတ်ပင်နီယံရဲ့အောက်ကစပရင်ကိုဖြုတ်လဲပေးလိုက်ပါ။အဓိကပြစ်ချက်သည်စပရင်မပြန်တော့လို့ပင်နီယံကအင်ဂျင်နဲ့ဆက်သွယ်ထားသောမိန်းပင်နီယံမှမခွာနိုင်သောကြောင့်လိုက်လည်ရခြင်းအကြောင်းတရားဖြစ်ပေသည်။မော်တာအသုံးပြုထားသောဘီးဖြစ်ပေမယ့်စတတ်ဘောအသုံးပြုထားခြင်းမရှိဘဲမော်တော်ကားများ၏မော်တာတည်ဆောက်ပုံကိုအသုံးပြုထားခြင်းကြောင့်အာလိမ်ပင်နီယံဖြင့်အလုပ်လုပ်ခြင်းမျိုးဖြစ်ပါသည်။မသိမတတ်လေ့လာသင်ယူဆဲလောကသားများအားလုံးလေ့လာသင်ယူတတ်မြောက်နိုင်ကြပါစေ ဆရာစွမ်းနိုင် ဆင်ဖြူကျွန်း

Wednesday, June 13, 2018

Cdiငါးပင်အသုံးပြုပြီးသော့ပိတ်သော်လည်းစက်ရပ်မရသည့်ပြသနာ

Cdiငါးစအသုံးပြုထားတဲ့ဆိုင်ကယ်ဘာကြောင့်သော့ပိတ်သော်လည်းစက်မရပ်တာလဲ

Cdiငါးစတွေရဲ့အလယ်ငုတ်ဟာစက်သတ်ကြိုးပါဒါကြောင့်နက်ဖြူကြားကြိုးမကောင်းလျှင်သော်လည်းကောင်း cdi ပင်လွတ်နေလျှင်သော်လည်းကောင်း
သော့မှအစိမ်းစလွတ်နေလျှင်သော်လည်းကောင်း သော့မကောင်းတော့လျှင်သော်လည်းကောင်း ထိုသို့သောပြစ်ချက်ကြုံရတတ်သည်
ဖြေရှင်းနည်းကတော့မီတာကိုx10မှာထားပါပြီးရင်cdiမှနက်ဖြူကြားကြိုးကိုမီတာတံတစထောက်ပါပြီးလျှင်သော့မှနက်ဖြူကြားကြိုးကိုမီတာတံတစထောက်ပါမီတာပြလျှင်ကြိုးconnectionကောင်းပြီပေါ့ အကယ်၍မီတာတိုင်းလို့မပြခဲရင် cdiမှသော့သို့ဝါယာတစ်ချောင်းအစားထိုးပေးပါ နောက်တခုသော့မှအစိမ်းကြိုးကိုစမ်းမယ်မီတာကိုx10မှာထားပါဆော့ကစ်မဖြုတ်ဘဲတိုင်းမယ်သော့အစိမ်းစထဲသို့မီတာတံတစထည့်ဆိုင်ကယ်ဘော်ဒီသို့မီတာတံတစထောက်မီတာလက်တံအပြည့်ပြရမည်ဒါဆိုအစိမ်းလိုင်းကောင်းတယ်ပေါ့ မပြခဲ့လျှင်အစိမ်းလိုင်းကိုအပ်ချပေးပါ။သော့ကောင်းမကောင်းစမ်းမယ်မီတာကိုx10မှာထားပါသော့ဆော့ကစ်ဖြုတ်ပါပြီးရင်သော့မှနက်ဖြူကြားကိုတစထောက်အစိမ်းစကိုတစထောက်ပါသော့ပိတ်ထားလျှင်မီတာအပြည့်တက်ရမည် သော့ဖွင့်လိုက်လျှင်လုံးဝမပြတော့ပါဒါဆိုသော့ကောင်းသည် ပိတ်ထားပါလျှက်မီတာတိုင်းလို့မပြလျှင်
သော့သာအသစ်လဲပေးလိုက်ပါ လေ့လာနေသောတပည့်များလက်တွေ့အသုံးပြုနိုင်ကြပါစေ ဆရာကြီးလုပ်နေသူများလဲခိုးဖတ်ပီးမိတ္တူပြုနိုင်ကြပါစေ

Tuesday, June 5, 2018

သော့ပိတ်ထားသော်လည်းစတတ်မော်တာလည်နေခြင်းအကြောင်းတရားဖြေရှင်းနည်း

သော့ပိတ်ထားသော်လည်းစတတ်မော်တာလည်နေခြင်းအကြောင်းတရား

ဆိုင်ကယ်သမားတစ်ယောက်အပြေးအလွှားနဲ့ကိုယ့်ဆိုင်ထဲကိုဝင်လာမယ် ဆရာရေလုပ်ပါဦးကျနော့်ဆိုင်ကယ်ကြီးကဘာဖြစ်တယ်မသိ သော့ခတ်ထားရက်နဲ့ စက်နိုးသလိုကြီးအော်နေတယ်မော်တာကဒီအတိုင်းကြီးလိုက်လည်နေတယ်ဆရာ ခုလေးတင်ဖြစ်တာ စီးလာတာအကောင်းပဲ ကဲဝပ်ရှော့ညီအစ်ကိုများ ဘာကစလုပ်ကြမလဲ တချို့ကတော့မလုပ်တတ်တော့ ဘက်ထရီအိုးအားကုန်မှရပ်တော့တယ်
ပြီးမှဘာဆက်လုပ်ရမှန်းမသိဖြစ်နေကြတယ် ဖြူးဖြုတ်သော်လည်းမရ ဘာကြောင့်မရသလဲမေးလေ ဘယ်ရမလဲဘက်ထရီအိုးမှမိန်းကြိုးအနီကြီးဟာဆိုလိုနိုက်ကိုတိုက်ရိုက်သွယ်ထားတဲ့ကြိုးဖြစ်တာကြောင့်သော့ပိတ်ထားသော်လည်းဆိုလိုနိုက်အတွင်းဗို့ရှိနေပြီးဆိုလိုနိုက်မကောင်းတော့သည့်အခါသော့ပိတ်ထားသည့်တိုင်မော်တာလိုက်လည်နေရခြင်းအကြောင်းတရားဖြစ်ရပါသည်။မသိသူများကတော့စတတ်ခလုတ်တွေလဲကြဟိုဟာလုပ်ကြဒီဟာလုပ်ကြနဲ့ရွာလည်ကြသည်။မှတ်ထားညီအကိုများအဲ့လိုဖြစ်လာရင်ဆိုလိုနိုက်သာလဲပစ်okပဲ

ဆိုင်ကယ်တစီးပါဝါမီးအောက်သွားရင်ဘာတွေစစ်မလဲ

ဆိုင်ကယ်တစ်စီးပါဝါလိုင်းအောက်သွားပြီဆိုရင်ဘာတွေအရင်စစ်မလဲ

ကောင်းပြီးဆိုင်ကယ်တစ်စီးကိုယ့်ဆီလာအပ်တယ်ဆိုပါတော့ ဆရာရေကျနော့်ဘီးလေး ဘာမီးမှမလာတော့လို့ဆရာ ဘက်ထရီကလဲအသစ် ပြီးတော့သော့ကလဲအသစ် ဖြူးအိမ်လဲအသစ်လဲထားတယ်ဆရာ တပ်ခါစကလဲဘာမှမလာလို့အကုန်လဲကည့်တာလဲတော့လဲဘာမှမရလို့ဆိုပြီးဆိုင်လာပြတယ် ဟုတ်ပြီဝပ်ရှော့ဆရာကသူထင်ထားတာမှန်သမျှကာစတန်မာကလဲလာပြီးသားဖြစ်နေလေတော့ရုတ်တရက်ဘယ်ကစလို့ဘာလုပ်ရမှန်းမသိဖြစ်တတ်တယ် အဲလိုဖြစ်နေတုန်းဘီးပိုင်ရှင်ကမေးမယ်ဆရာဘာတေလဲရမလဲ ဘာလုပ်ရမလဲ ဘယ်လောက်ကျမလဲတွေစုံအောင်မေးပါလိမ့်မယ် သူထင်သမျှအကုန်လဲပီးမရလို့လာတာကိုး ကဲဒီတော့ဝပ်ရှော့ဆရာအနေနဲ့လုပ်စရာတစ်ခုပဲရှိတယ်ဘာလဲဆိုတော့ဝါယာရိန်းလိုသ်းအတွင်းမှဆိုင်ကယ်တစ်စီးလုံးကိုမီးဝေပေးတဲ့အနက်ကြိုးကိုလိုက်စစ်ပါမယ် အဓိကပြသနာဟာအနက်ကြိုးကြောင့်ပါ ပြတ်နေရင်ပြန်ဆက်ပေးပါ လောင်နေရင် အသစ်လဲပေးပါ ဒါဆို အိုကေပီ ဝပ်ရှော့ညီအစ်ကိုများပညာရရှိနိုင်ကြပါစေ။

Monday, May 28, 2018

ဝါယာရိန်းစာအုပ်ဝယ်လိုလျှင်09777874379ကိုဆက်ပါ

ဆိုင်ကယ်တစ်စီးစက်နိုးဖို့ဘာတွေလိုလဲ

ဆိုင်ကယ်တစ်စီးမှာ စက်နှိုးနိုင်ဖို့အတွက်
အဓိကအချက်အလက်အနေနဲ့ဝါယာပိုင်းလဲပါပါတယ်
ဝါယာမှာဆိုC.D.Iကိုဝင်တဲ့ဆော့ကစ်ကကြိုးလေးတွေကိုစပြီးပြောကြမယ်
နံပါတ်၁။အဝင်ကြိုး (နက်နီကြား)
           ၂။အထွက်ကြိုး(နက်ဝါကြား)
           ၃။pulsaဖြတ်ကွိုင်ကြိုး(ဖြူပြာကြား)
၎။groundအပ်ကြိုး(အစိမ်း)
,၅။သော့ကြိုး(နက်ဖြူကြား)ကြိုးတို့ဖြစ်တယ် အဲဒီကောင်တွေအားလုံးကောင်းမှဆိုင်ကယ်တစီးဟာမီးပေါက်မှန်မယ်။