Tuesday, June 5, 2018

သော့ပိတ်ထားသော်လည်းစတတ်မော်တာလည်နေခြင်းအကြောင်းတရားဖြေရှင်းနည်း

သော့ပိတ်ထားသော်လည်းစတတ်မော်တာလည်နေခြင်းအကြောင်းတရား

ဆိုင်ကယ်သမားတစ်ယောက်အပြေးအလွှားနဲ့ကိုယ့်ဆိုင်ထဲကိုဝင်လာမယ် ဆရာရေလုပ်ပါဦးကျနော့်ဆိုင်ကယ်ကြီးကဘာဖြစ်တယ်မသိ သော့ခတ်ထားရက်နဲ့ စက်နိုးသလိုကြီးအော်နေတယ်မော်တာကဒီအတိုင်းကြီးလိုက်လည်နေတယ်ဆရာ ခုလေးတင်ဖြစ်တာ စီးလာတာအကောင်းပဲ ကဲဝပ်ရှော့ညီအစ်ကိုများ ဘာကစလုပ်ကြမလဲ တချို့ကတော့မလုပ်တတ်တော့ ဘက်ထရီအိုးအားကုန်မှရပ်တော့တယ်
ပြီးမှဘာဆက်လုပ်ရမှန်းမသိဖြစ်နေကြတယ် ဖြူးဖြုတ်သော်လည်းမရ ဘာကြောင့်မရသလဲမေးလေ ဘယ်ရမလဲဘက်ထရီအိုးမှမိန်းကြိုးအနီကြီးဟာဆိုလိုနိုက်ကိုတိုက်ရိုက်သွယ်ထားတဲ့ကြိုးဖြစ်တာကြောင့်သော့ပိတ်ထားသော်လည်းဆိုလိုနိုက်အတွင်းဗို့ရှိနေပြီးဆိုလိုနိုက်မကောင်းတော့သည့်အခါသော့ပိတ်ထားသည့်တိုင်မော်တာလိုက်လည်နေရခြင်းအကြောင်းတရားဖြစ်ရပါသည်။မသိသူများကတော့စတတ်ခလုတ်တွေလဲကြဟိုဟာလုပ်ကြဒီဟာလုပ်ကြနဲ့ရွာလည်ကြသည်။မှတ်ထားညီအကိုများအဲ့လိုဖြစ်လာရင်ဆိုလိုနိုက်သာလဲပစ်okပဲ

No comments:

Post a Comment