Wednesday, June 13, 2018

Cdiငါးပင်အသုံးပြုပြီးသော့ပိတ်သော်လည်းစက်ရပ်မရသည့်ပြသနာ

Cdiငါးစအသုံးပြုထားတဲ့ဆိုင်ကယ်ဘာကြောင့်သော့ပိတ်သော်လည်းစက်မရပ်တာလဲ

Cdiငါးစတွေရဲ့အလယ်ငုတ်ဟာစက်သတ်ကြိုးပါဒါကြောင့်နက်ဖြူကြားကြိုးမကောင်းလျှင်သော်လည်းကောင်း cdi ပင်လွတ်နေလျှင်သော်လည်းကောင်း
သော့မှအစိမ်းစလွတ်နေလျှင်သော်လည်းကောင်း သော့မကောင်းတော့လျှင်သော်လည်းကောင်း ထိုသို့သောပြစ်ချက်ကြုံရတတ်သည်
ဖြေရှင်းနည်းကတော့မီတာကိုx10မှာထားပါပြီးရင်cdiမှနက်ဖြူကြားကြိုးကိုမီတာတံတစထောက်ပါပြီးလျှင်သော့မှနက်ဖြူကြားကြိုးကိုမီတာတံတစထောက်ပါမီတာပြလျှင်ကြိုးconnectionကောင်းပြီပေါ့ အကယ်၍မီတာတိုင်းလို့မပြခဲရင် cdiမှသော့သို့ဝါယာတစ်ချောင်းအစားထိုးပေးပါ နောက်တခုသော့မှအစိမ်းကြိုးကိုစမ်းမယ်မီတာကိုx10မှာထားပါဆော့ကစ်မဖြုတ်ဘဲတိုင်းမယ်သော့အစိမ်းစထဲသို့မီတာတံတစထည့်ဆိုင်ကယ်ဘော်ဒီသို့မီတာတံတစထောက်မီတာလက်တံအပြည့်ပြရမည်ဒါဆိုအစိမ်းလိုင်းကောင်းတယ်ပေါ့ မပြခဲ့လျှင်အစိမ်းလိုင်းကိုအပ်ချပေးပါ။သော့ကောင်းမကောင်းစမ်းမယ်မီတာကိုx10မှာထားပါသော့ဆော့ကစ်ဖြုတ်ပါပြီးရင်သော့မှနက်ဖြူကြားကိုတစထောက်အစိမ်းစကိုတစထောက်ပါသော့ပိတ်ထားလျှင်မီတာအပြည့်တက်ရမည် သော့ဖွင့်လိုက်လျှင်လုံးဝမပြတော့ပါဒါဆိုသော့ကောင်းသည် ပိတ်ထားပါလျှက်မီတာတိုင်းလို့မပြလျှင်
သော့သာအသစ်လဲပေးလိုက်ပါ လေ့လာနေသောတပည့်များလက်တွေ့အသုံးပြုနိုင်ကြပါစေ ဆရာကြီးလုပ်နေသူများလဲခိုးဖတ်ပီးမိတ္တူပြုနိုင်ကြပါစေ

No comments:

Post a Comment