Thursday, July 5, 2018

Efiအော်တိုစတတ်မော်တာဘီးများအတွက်

စတတ်မော်တာအသုံးပြုထားသောယိုးဒယားEFIအော်တိုဘီးများအတွက်
စတတ်မော်တာအသုံးပြုထားသောယိုးဒယားefiအော်တိုဘီးများတွင်ဖြစ်လေ့ဖြစ်ထရှိသော စက်နိုးပြီးမော်တာလိုက်လည်နေခြင်းပြစ်ချက်ဖြေရှင်းပါမယ် ကျနော်တို့စက်စပြီးနှိုးဖို့စတတ်မော်တာကိုအသုံးပြုခြင်းဖြစ်သလို မော်တာရဲ့အလုပ်ဟာ စက်နှိုးပြီးတာနဲ့ ရပ်တန့်သွားရမှာဖြစ်တယ်။အဲမရပ်တန့်ဘဲဆက်ပြီးအင်ဂျင်နဲ့အတူလိုက်လည်နေတယ်ဆိုရင်တော့ သေခြာပီ လိုအပ်ချက်တစ်ခုတော့ရှိနေလို့ပါဘဲ။ရီလေးဘူးကြောင့်လားသိခြင်တာတို့ ခလုတ်ကြောင့်လားသိခြင်တာတို့ဆိုရင်ဖြင့်စက်နိုးနေတဲ့ခါ တခုခြင်းဖြုတ်ကြည့်ပါ ခလုတ်ဖြုတ်သော်လည်းမော်တာလည်မြဲပဲ ဆိုလိုနိုက်ရီလေးဖြုတ်သော်လည်းမော်တာလည်မြဲလိုက်လည်နေတယ်ဆိုရင်တော့ ပတ္တားကြိုးအုံကိုဖွင့်လိုက်ပါပြီးရင်တော့မော်တာရဲ့ထိပ်အုပ်ကလေးကိုဖွင့်ပါ ပြီးရင် မော်တာစတတ်ပင်နီယံရဲ့အောက်ကစပရင်ကိုဖြုတ်လဲပေးလိုက်ပါ။အဓိကပြစ်ချက်သည်စပရင်မပြန်တော့လို့ပင်နီယံကအင်ဂျင်နဲ့ဆက်သွယ်ထားသောမိန်းပင်နီယံမှမခွာနိုင်သောကြောင့်လိုက်လည်ရခြင်းအကြောင်းတရားဖြစ်ပေသည်။မော်တာအသုံးပြုထားသောဘီးဖြစ်ပေမယ့်စတတ်ဘောအသုံးပြုထားခြင်းမရှိဘဲမော်တော်ကားများ၏မော်တာတည်ဆောက်ပုံကိုအသုံးပြုထားခြင်းကြောင့်အာလိမ်ပင်နီယံဖြင့်အလုပ်လုပ်ခြင်းမျိုးဖြစ်ပါသည်။မသိမတတ်လေ့လာသင်ယူဆဲလောကသားများအားလုံးလေ့လာသင်ယူတတ်မြောက်နိုင်ကြပါစေ ဆရာစွမ်းနိုင် ဆင်ဖြူကျွန်း

1 comment:

  1. JackpotCity Casino Site - Lucky Club Live Casino
    JackpotCity is a trusted online casino site that offers the best in online casino gaming. With over 7000 games to choose from, JackpotCity 카지노사이트luckclub Casino offers a

    ReplyDelete