Monday, May 28, 2018

ဝါယာရိန်းစာအုပ်ဝယ်လိုလျှင်09777874379ကိုဆက်ပါ

ဆိုင်ကယ်တစ်စီးစက်နိုးဖို့ဘာတွေလိုလဲ

ဆိုင်ကယ်တစ်စီးမှာ စက်နှိုးနိုင်ဖို့အတွက်
အဓိကအချက်အလက်အနေနဲ့ဝါယာပိုင်းလဲပါပါတယ်
ဝါယာမှာဆိုC.D.Iကိုဝင်တဲ့ဆော့ကစ်ကကြိုးလေးတွေကိုစပြီးပြောကြမယ်
နံပါတ်၁။အဝင်ကြိုး (နက်နီကြား)
           ၂။အထွက်ကြိုး(နက်ဝါကြား)
           ၃။pulsaဖြတ်ကွိုင်ကြိုး(ဖြူပြာကြား)
၎။groundအပ်ကြိုး(အစိမ်း)
,၅။သော့ကြိုး(နက်ဖြူကြား)ကြိုးတို့ဖြစ်တယ် အဲဒီကောင်တွေအားလုံးကောင်းမှဆိုင်ကယ်တစီးဟာမီးပေါက်မှန်မယ်။

သော့ဝါယာငါးဆနဲ့ခုနစ်ဆဘာကွာလဲ

လော့ဂျာဆိုင်ကယ်သောနဲ့ပါတ်သက်လို့
ငါးဆတို့ခုနစ်ဆတို့ဆိုတဲ့ဝါယာအပင်ရေပေါ်မူတည်ပြီးအသုံးပြုကြတာတွေရှိပါတယ်။အဓိကကတော့သော့မှာပါတဲ့ဝါယာ အနီ အနက် အစိမ်း နဲ့နက်ဖြူကြားတို့က ပုံသေကြိုးတွေဖြစ်လို့အဲဒီကြိုးလေးချောင်းကိုမမှားအောင်သာချိတ်ဆက်လိုက်ပါ။သော့ငါးပင်ကြိုးက လေးဆcdiအသုံးပြုထားလို့်ပါ အကယ်၍ငါးဆသော့ဝယ်မရလို့ခုနစ်ပင်သော့တပ်ချင်ရင် ကျနော်ပြောသလိုပဲသော့ရဲ့အဓိကပင်မကြိုးတွေဖြစ်တဲ့အနီနဲ့အနက်ကိုပဲချိတ်ဆက်ထားရင်ကိုအသုံးပြုလို့ရပါတယ်။ကျန်သောကြိုးများကဆိုင်လင့်မီးအတွက်ပါ။အဲ့ဒီလိုပါဘဲခုနစ်ပင်သော့ကိုလေးစ ရိုးရိုးဆိုင်ကယ်သော့တပ်ချင်ရင်လဲရပါတယ်။ဘာမှမခက်ပါဘူးသော့မှာပါတဲ့အနီအနက်အစိမ်းနဲ့နက်ဖြူကြားကြိုးတို့ကိုမှန်အောင်ချိတ်ဆက်ပေးဖို့ပဲလိုတာပါ။ကျန်ကြိုးများကဆိုင်းလင့်အတွက်ပါ။ခုနစ်ပင်သော့ကတော့ငါးဆcdiအသုံးပြုထားတဲ့ဆိုင်က်ာပေါ့ဗျာ။

မီးအဖွင့်အပိတ်ခလုတ်ပြသနာဖြေရှင်းမယ်

မီးအဖွင့်အပိတ်ခလုတ်နဲ့ပတ်သက်လို့
ပြောချင်တာရှိပါတယ်။ဘာလဲဆိုတော့
လော့ဂျာဆိုင်ကယ်နဲ့ဒယန်းဆိုင်ကယ်တွေရဲ့မီးအဖွင့်အပိတ်ခလုတ်နဲ့အခြားအခြားသောဆိုင်ကယ်များရဲ့မီးအဖွင့်အပိတ်ခလုတ်တို့ဟာမတူညီကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့လော့ဂျာနဲ့ဒယန်းဟာဆိုင်းလင့်မီးသီးများပါရှိခြင်းကြောင့်ထိုမီးများအတွက်မီးအဖွင့်အပိတ်ခလုတ်ရဲ့တည်ဆောက်ပုံဟာတလိုင်းပိုပါတယ်။အပြင်ဘန်းကြည့်မ်ာဆိုရင်တော့အသွင်တူတယ်ပေါ့ဗျာလက်တွေ့မှာမတူပါဘူး။အဲ့ဒီလော့ဂျာနဲ့ဒယန်းဆိုင်ကယ်တွေကိုရိုးရိုးမီးအဖွင့်အပိတ်ခလုတ်တပ်ပြီးအသုံးပြုမယ်ဆိုရင်ရှေ့မီးကြီးကခလုတ်ဖွင့်တဲ့အနေအထားမလင်းဘဲဆိုင်းလင့်သာလင်းနေပြီးမီးခလုတ်ပိတ်လိုက်တဲ့အချိန်ရှေ့မီးကြီးလင်းလာခြင်းစတဲ့စတဲ့မလိုအပ်သောဝါယာရိန်းအမှားများထွက်ပေါ်လာတတ်သည်ကိုသတိပြုရမည်။လော့ဂျာနဲ့ဒယန်းကမီးဖွင့်ပိတ်ခလုတ်တည်ဆောက်ပုံတူပါတယ်။လော့ဂျာမီးအဖွင့်အပိတ်ခလုတ်ကိုဒယန်းမှာလဲတတ်ပြီးအသုံးပြုနိုင်ပါတယိ။

အဆင်ပြေချောမွေ့ကြပါစေ. စွမ်းနိုင်M.C ဆင်ဖြူကျွန်း

မီတာတိုင်းနည်း

မီးအဖွင့်အပိတ်ခလုတ်နဲ့ပတ်သက်လို့
ပြောချင်တာရှိပါတယ်။ဘာလဲဆိုတော့
လော့ဂျာဆိုင်ကယ်နဲ့ဒယန်းဆိုင်ကယ်တွေရဲ့မီးအဖွင့်အပိတ်ခလုတ်နဲ့အခြားအခြားသောဆိုင်ကယ်များရဲ့မီးအဖွင့်အပိတ်ခလုတ်တို့ဟာမတူညီကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့လော့ဂျာနဲ့ဒယန်းဟာဆိုင်းလင့်မီးသီးများပါရှိခြင်းကြောင့်ထိုမီးများအတွက်မီးအဖွင့်အပိတ်ခလုတ်ရဲ့တည်ဆောက်ပုံဟာတလိုင်းပိုပါတယ်။အပြင်ဘန်းကြည့်မ်ာဆိုရင်တော့အသွင်တူတယ်ပေါ့ဗျာလက်တွေ့မှာမတူပါဘူး။အဲ့ဒီလော့ဂျာနဲ့ဒယန်းဆိုင်ကယ်တွေကိုရိုးရိုးမီးအဖွင့်အပိတ်ခလုတ်တပ်ပြီးအသုံးပြုမယ်ဆိုရင်ရှေ့မီးကြီးကခလုတ်ဖွင့်တဲ့အနေအထားမလင်းဘဲဆိုင်းလင့်သာလင်းနေပြီးမီးခလုတ်ပိတ်လိုက်တဲ့အချိန်ရှေ့မီးကြီးလင်းလာခြင်းစတဲ့စတဲ့မလိုအပ်သောဝါယာရိန်းအမှားများထွက်ပေါ်လာတတ်သည်ကိုသတိပြုရမည်။လော့ဂျာနဲ့ဒယန်းကမီးဖွင့်ပိတ်ခလုတ်တည်ဆောက်ပုံတူပါတယ်။လော့ဂျာမီးအဖွင့်အပိတ်ခလုတ်ကိုဒယန်းမှာလဲတတ်ပြီးအသုံးပြုနိုင်ပါတယိ။

အဆင်ပြေချောမွေ့ကြပါစေ. စွမ်းနိုင်M.C ဆင်ဖြူကျွန်း

မလိုအပ်သောမီးများလင်းလာခြင်းနှင့်groundလွတ်ခြင်ပြသနာဖြေရှင်းမယ်

မလိုအပ်သောမီးများလင်းလာခြင်းနှင့်groundပြသနာ
ဆိုင်ကယ်တစီးရဲ့ ခလုတ်တခုခုကိုနှိပ်လိုက်တာနဲ့ အချက်ပြမီးတွေလင်းလာမယ်
အချက်ပြမီးခလုတ်ကိုဖွင့်တာမဟုတ်ဘဲလင်းလာခြင်းကိုဆိုလိုပါတယ်
အဲ့လိုလင်းလာရင်တော့ဆိုင်ကယ်တစီးမှာgroungလွတ်ခြင်းပြသနာကိုအစပြုနေပါပြီ။
Groundဆိုတာကတော့အပ်ကြိုးပေါ့ အပ်ကြိုးရဲ့အရောင်ကတရုတ်ဆိုင်ကယ်တွေမှာ များသောအားဖြင့်အစိမ်းကြိုးနဲ့တပ်ဆင်အသုံးပြုကြတယိ ဂျပန်ဘီးနဲ့ထိုင်းဘီးတွေကတော့အနက်နဲ့လာတာများသလိုအစိမ်းလဲရှိတတ်ပါတယ် အဲ့လိုgroundလွတ်ပြီဆိုရင်ဘက္ထရီအနှုတ်ကြိုးစကိုဝါယာတချောင်းယာယီအသုံးပြုပြီးအစိမ်းကြိုးမှန်သမျှကိုလိုက်ထောက်ကြည့်ပါ အဖြေမှန်ရရှိပြီးမလိုအပ်သောမီးများပျောက်သွားပါလိမ့်မယ်

ဆိုင်ကယ်ကွိုင်အဖြူတစအဝါတစ်စနဲ့အဝါနစ်စဘာကွာလဲ

ဆိုင်ကယ် ကွိုင်ထုပ် အဝါနစ်စနဲ့ အဖြူတစအဝါတစဘာကွာလဲ?

ရှင်းပါတယ် အဝါရောင်ဝါယာကြိုးနှစ်စသံလိုက်အုံကနေထွက်ပြီးဒိုင်အုတ်ဆီကိုသွားပါတယ်
အဲ့ဒီမှာမမှားဖို့လိုပါတယ် ဘာလဲဆိုတော့ဒိုင်အုတ်ကိုသေချာကြည့်ပြီးမှတပ်ဆင်အသုံးပြုပါ အဝါရောင်ဝါယာကြိုးနှစ်စသုံးတဲ့ကွိုင်နဲ့ဒိုင်အုတ်အကြီးသာလျှင်တွဲဖက်အသုံးပြုရမှာပါ
အကယ်၍သံလိုက်အုံဖက်ကထွက်တဲ့ဝါယာကအဖြူတစအဝါတစဆိုလျှင်ဒိုင်အုတ်အသေးကိုသာလှင်တပ်ဆင်အသုံးပြုရမည်ဖြစ်သည်။ဒိုင်အုတ်မှားလျှင် ဘက္ထရီအားမဝင်တော့ပါ
ယခုဖော်ပြထားသောအချက်အလက်များသည် တရုတ်ဆိုင်ကယ်နှင့်အခြားအဝါရောင်နစ်စသုံးအဖြူတစအဝါတစသုံးဆိုင်ကယ်များအတွက်ကွိုင်နှင့်ဒိုင်အုတ်ရွေးခြယ်တပ်ဆင်ပုံဖြစ်ပါသည်။
အတိုကောက်မှတ်ထားရမှာက အဝါနစ်စမြင်ရင်ဒိုင်အုတ်ကြီး
အဖြူတစအဝါတစမြင်ရင်ဒိုင်အုတ်အသေး

ငါးဆcdiကိုလေးဆပြောင်းနည်း

ငါးဆcdiကိုလေးဆပြောင်းနည်း
ငါးဆcdiတပ်ထားတဲ့ဆော့ကစ်ကိုဖြုတ်ပါ ပြီးလျှင် ဆော့ကစ်မှနက်နီကြားကြိုးကိုဖြတ်ပါ
ပြီလျှင်ဖြတ်ထားသောဆော့ကစ်မှနက်နီကြားကြိုးကိုဆိုင်ကယ်ဝါယာရိန်းလိုင်းအတွင်းမှအနက်ရောင်ဝါယာကြိုးနှင့်ဆက်ပါ ၄င်းနောက်လေးဆcdiတပ်ဆင်၍အသုံးပြုနိုင်ပါပြီ battery charging နှင့်battery ကောင်းရန်လိုအပ်ပါသည်။

အချက်ပြဘူးတပ်ဆင်ပုံ

စီကနယ်အချက်ပြဗူးတပ်ဆင်အသုံးပြုပုံ
 
အချက်ပြဗူး၏ငုတ်နှစ်ငုတ်အခြေကိုကြည့်ပါ
တငုတ်ကBလို့ရေးထားပြီးတငုတ်ကLလို့ရေးထားပါလိမ့်မယ်
Bလို့ရေးထားတဲ့ဖက်ကbatteryအပေါင်းကြိုးဝင်မှာပါတရုတ်ဆိုင်ကယ်ဆိုအနက်ကြိုးဝင်မှာပါယိုးဒယားနဲ့ဂျပန်ဘီးကတော့အညိုရောင် အချို့အနက်ရောင်လာတာများပါတယ် L လို့ရေးထားတဲ့ဖက်ကအထွက်ပါ ကြိုးအရောင်ကခဲရောင်ကြိုးလေးပါ အချက်ပြမီးခလုတ်ရဲ့ဆော့ကစ်ဆီသွားပါတယ်
ခလုတ်ကမှတဆင့်အချက်ပြမီးသီးတွေဆီသို့အပြာနုရောင်နဲ့လိမ္မော်ရောင်ကြိုးများဖြင့်သွားပါတယ်
တရုတ်ဆိုင်ကယ်မှာတော့အပြာနုရောင်ကြိုးကညာဖက်အချက်ပြမီးပါ
လိမ္မော်ရောင်ကတော့ဘယ်ဖက်အချက်ပြမီးပါ

(͡° ͜ʖ ͡°)အတိုမှတ်သားချင်ရင်တော့ညာပြာ ဘယ်မော်လို့မှတ်ပါ

တရုတ်နိုင်ငံထုတ်ဆိုင်ကယ်များ၏ဝါယာမရောင်များနှင့်အလုပ်လုပ်ပုံ

တရုတ်နိုင်ငံလုပ်မော်တော်ဆိုင်ကယ်များ၏ဝါယာကြိုးအရောင်နှင့် အသုံးပြုထားသောအစိတ်အပိုင်းများ

အနီ    battery အပေါင်း(သော့အဝင်ကြိုး)
အနက်batteryအနှုတ် (သော့မှအထွက်ကြိုး)
အစိမ်းgroundအပ်ကြိုး ဘော်ဒီကြိုး
နက်ဖြူကြား သော့ကြိုး စက်ရပ်ရန်အသုံးပြုသည်
အစိမ်းနု ဟွန်းကြိုး
အပြာနု ညာဖက်အချက်ပြ
လိ​မ္မော်​ဘယ်ဖက်အချက်ပြ
မီးခိုးရောင် အချက်ပြခလုတ်သို့သွား
ဝါနီကြား start motor
အနက်(သို့မဟုတ်)အဝါ ရှေ့မီးအဖွင့်အပိတ်ခလုတ်သို့အဝင်
ဖြူပြာကြား(သို့မဟုတ)်အညိုဖြူကြား ရှေ့မီးခလုတ်မှမီးအနီးအဝေးခလုတ်၏အလယ်စသို့သွား
အဖြူ မီးအနီးအဝေးခလုတ်မှရှေ့မီးကြီးသို့သွား
အပြာမီးအနီးဝေးခလုတ်မှရှေ့မီးကြီးသို့သွား
စိမ်းဝါကြား ဘရိတ်မီးကြိုး
အညိုရောင်ကြိုး ရှေ့မီးကြီးအသုံးပြုလျှင်
ဒိုင်ခွက်နှင့်နောက်မီးလင်းရန်အသုံးပြုသောကြိုး

ပလပ်ကွိုင်အဝင်ကြိုးနက်ဝါကြားလွတ်နေလျှင်ဖြစ်တတ်သောပြသနာ

ပလပ်ကွိုင်အဝင်ကြိုးကလစ်(နက်ဝါကြားကြိုး )လွတ်ခြင်းနှင့်ဖြစ်ပေါ်တတ်သောပြသနာများ

ဝပ်ရှော့ဆရာအများစုပြစ်ချက်ရှာရခက်သောအပြစ်မျိုးထဲမှတခုကိုဖော်ပြလိုက်ပါသည်။ဆိုင်ကယ်တစီးသည် စီးရင်းဆီပြတ်သလိုတွန့်ဆုတ်တွန့်ဆုတ်ဖြစ်တတ်ပြီးတခါတရံထိုးရပ်တတ်သည်။ထိုသို့်ကြုံလှင်ဝပ်ရှော့ဆရာများက ပလပ်မကောင်းဟုယူဆပြီးလဲမည်။ သို့သော်ဆိုင်ကယ်ကကောင်းမလာပါ။ကာဗျူရေတာမကောင်းဟုယူဆပြီးလဲမည် ဆေးမည် မထူးခြားပါ။cdiနှင့် မီးထုပ်တွေပါမကောင်းဟုယူစပြီးထပ်လဲသည်ကောင်းမလာပါ။ထိုအခါဆရာများ အကြံအိုက်သွားကြတတ်သည်။ထိုသို့ကြုံခဲ့လျှင် ပလပ်ကွိုင်အဝင်ကြိုး လွတ်မလွတ်ပြန်စစ်ဆေးပါ လွတ်နေလျှင် အထိအမိကောင်းအောင်ပြန်ဆက်သွယ်ပေးပါ များသောအားဖြင့်ကလစ်နှင့်တပ်ထားသောအဝင်ငုတ်များချောင်နေတတ်သောကြောင့်ကလစ်ကိုပလည်ယာဖြင့်ဖိပေးလိုက်လျှင် ဆိုင်ကယ်သည်မီးဆင်းမှန်သွားပြီးလျှင်အကောင်းပကတိအတိုင်းဖြစ်သွားမည်ဖြစ်သည်။မလိုအပ်သည်များလျှောက်မလဲခင်ပလပ်ကွိုင်အဝင်ကိုစစ်ဆေးပါ။

ဘရိတ်နင်းလျှင်ရှေ့မီးလင်းလာခြင်းပြသနာဖြေရှင်းမယ်

ဘရိတ်နင်းလျှင်ရှေ့မီးလင်းလာခြင်းပြသနာဖြေရှင်းကြမယ်

ပြသနာမဖြေရှင်းခင်အတွေ့အကြုံလေးတခုပြောပြမယ် ownerကပြောတယ်ဆရာကျနော့ဆိုင်ကယ်ကဘရိတ်နင်းလိုက်တိုင်းရှေ့မီးကြီးကထထပြီးလင်းနေတယ် လို့ပြောလာတယ်ဗျာ။ဒါနဲ့ကျနော်ကတပည့်တွေကို ကဲရဲဘော်တို့နောက်မီးခွက်ဖြုတ်စမ်းလို့အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ ownerရဲ့နှုတ်က ဟိုးဟိုးဆရာ ကျနော်က ဘရိတ်နင်းတိုင်းရှေ့မီးလင်းလင်းလာလို့ခင်ဗျားဆီလာပြတာနောက်မီးပိုင်းကကောင်းတယ် နားမလည်ရင်မပြင်တော့ဘူးဗျာတဲ့ ကျနော်ကလဲပန်ပြောလိုက်ပါတယ် အကိုပြောတဲ့စကားကျနော်နားလည်တယ်ကျနော်ပြင်တာကောင်းမလာရင်တပြားမှမပေးနဲ့ချိတ်ထားတဲ့ဆိုင်းဘုတ်ပါမြောင်းထဲချပလိုက်လို့ပြောပီးကိုယ်လုပ်စရာရှိတာဆက်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။တပည့်တယောက်ကို ရဲဘော်ရေငါ့ကိုဘရိတ်မီးသီးတလုံးပေးစမ်းဆိုတောင်းပြီးချက်ခြင်းပဲလဲပလိုက်တယ်။ပြီးတော့ဘရိတ်နင်းပြီးownerအကိုရှေ့ကကြည့်ပါ ရှေ့မီးကြီးလင်းနေသေးလားလို့ ဆိုတော့ သူကမလင်းတော့ဘူးဗျတဲ့ သူ့မျက်နှာကအံ့သြနေပြီးသူပြောခဲ့တာတွေအတွက်ကျနော့်ကိုတောင်းပန်တဲ့အကြည့်နဲ့ကြည့်နေတယ်။ကျနော်လဲလုပ်စရာလုပ်ပြီးတာနဲ့ လက်ခ၃၀၀၀တောင်းထားလိုက်တယ်။ကျေကျေနပ်နပ်ကြီးပေးသွားတယ် သူဆိုင်ပေါင်းများစွာရောက်တယ်အဆင်မပြေဘူးတဲ့ ။ပြစ်ချက်ကဘာလဲဆိုတော့ဘရိတ်မီးသီးထဲမှာမီးစနှစ်ဆပါတယ်မလား အေး အဲ့နစ်ဆထဲကဘရိတ်မီးဆကပြတ်ပြီး အောက်ကအစဖြစ်တဲ့passမီးစပေါ်ကိုသွားပြီးထိနေလို့ပါဘဲ။ဝပ်ရှော့ညီအကိုများသတိရှိစွာပြင်ဆင်နိုင်ကြပါစေ။

ဖရီးစတတ်လုပ်ကြမယ်

Free startကောကြိုက်ကြလား
Free startလေးစမ်းကြည့်မယ်
ဘယ်လိုစပြီးလုပ်ကြမလဲ
ပထမအနေနဲ့ ဖရီးမီးစကိုရှာပါ
ပြီးလျှင်စတတ်ခလုတ်အဝင်ကိုကြည့်ပါ
ဘာကြိုးအရောင်နဲ့ဝင်ထားလဲဆိုတာကြည့်မယ်
ဖရီးစတတ်လုပ်မယ်ဆိုရင် စတတ်ခလုတ်အဝင်ကြိုးကအနက်ရောင်ဆိုရင်လုပ်ရတာပိုမြန်မယ် ။အကယ်၍စတတ်ခလုတ်အဝင်ကြိုးကအနက်ရောင်နဲ့ဝင်ထားတယ်ဆိုရင် ဆိုလိုနိုက်ရဲ့ဝါယာအသေးစနစ်စထဲကဝါနီကြိုးစမဟုတ်သောကြိုးကိုဖြတ်ပြီးဂီယာပိုဈေးရှင်း(gear position)နော်မယ်ကြိုးနဲ့ဆက်ပါဒါဆိုရင်ဖရီးစတတ်ရပြီ။
နောက်တနည်းက စတတ်ခလုတ်အဝင်မှာအစိမ်းနဲ့ဝင်ထားရင် အဲ့ဒီအစိမ်းကြိုးကိုဖြတ်ပါပြီးလျှင် ဂီယာပိုဈေးရှင်းကြိုးကနော်မယ်ကြိုးနဲ့တိုက်ရိုက်ဆက်သွယ်လိုက်ပါဖရီးစတတ်ရပြီပေါ့။

ဘရိတ်စတတ်လုပ်ကြမယ်

ဘရိတ်စတတ်လုပ်ကြမယ်
ပထမဦးစွာစတတ်ခလုတ်အဝင်ကိုကြည့်မယ်
အနက်နဲ့ဝင်သလားအစိမ်းနဲ့ဝင်သလားဆိုတာ
ကြည့်မယ် အကယ်၍အနက်နဲ့ဝင်ထားရင်အနက်ကြိုးကိုရှည်ရှည်လေးဖြတ်ပြီးစိမ်းဝါကြားကြိုးနဲ့ဆက်လိုက်ပါဘရိတ်စတတ်ဖြစ်သွားပါပြီ။
နောက်တနည်းကအစိမ်းကြိုးနဲ့စတတ်ခလုတ်မှာဝင်ထားရင် ဆိုလိုနိုက်ရဲ့ကြိုးစအသေးစနစ်စထဲကဝါနီကြားမဟုတ်သောအစကိုဖြတ်ပီးဝါယာရိန်းလိုင်းထဲကစိမ်းဝါကြားကြိုးနဲ့ဆက်လိုက်ပါဘရိတ်စတတ်ရပါလိမ့်မယ်။အားလုံးသောညီအစ်ကိုများ ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်နိုင်ကြပါစေ။

ဖြတ်ကွိုင်မကောင်းလျှင်ဖြစ်တတ်သောအချက်များ

Passer ဖြတ်ကွိုင်မကောင်းလျှင်တွေ့ကြုံရမည့်
အခက်အခဲကိုဘယ်လိုသိနိုင်မလဲ

ဖြတ်ကွိုင်ဆိုတာသံလိုက်အုံအတွင်းမှစတတ်ကွိုင်မှcdiသို့ပို့သည့်လျှပ်စစ်စက်ကွင်းကိုတိုင်ပင်ကိုက် အဖြတ်အတောက်လုပ်ပေးနိုင်ရန်အသုံးပြုထားခြင်းဖြစ်သည်။များသောအားဖြင့်ဆိုင်ကယ်တစီးမီးပျောက်ခဲ့လှင်အဖြစ်အများဆုံးကstart coilနဲ့cdiပေါ့ အဲ့ဒါလေးတွေလဲလိုက်ရင်မီးထွက်လာပြန်ရောဆိုတော့အခက်အခဲမရှိဘူးပေါ့ အဲဒီပစ္စည်းတွေလဲပြီးမီးမဆင်းရင်ပလပ်ကွိုင်လဲတယ်ပလပ်ကွိုင်လဲပြီးမီးမဆင်းရင်လဲရွာလည်ကြပြန်ရော passerကွိုင်ကိုသတိမမူမိကြဘူး
ကဲပါဆာကွိုင်အကြောင်းလေးရှင်းပြမယ်
တချို့တချို့ဆိုင်ကယ်တွေပူလာရင်နှိုးရခက်လာတယ်အေးနေတုန်းအဟုတ်ပဲ နောက်ပြီးhi wayစီးရင်ထိုးရပ်တယ် အေးသွားရင်ပြန်နှိုးရတယ် အဲ့သဘောတွေကပါဆာမကောင်းတဲ့သဘောပေါ ပါဆာချက်ချင်းလဲပလိုက်okသွားတာပါဘဲ
ကဲပါဆာကောင်းမကောင်း multimetre နဲ့တိုင်းမယ် မီတာခလုတ်ကိုx10မှာထားပါ ပြီးရင်ပါဆာကွိုင်ကြိုးဖြစ်တဲ့ဖြူပြာကြားအစမှာမီတာလက်တံတစထောက်ပါ ကျန်မီတာလက်တံတစကပါဆာရဲ့ဘော်ဒီကိုထောက်ပါ ဒိုင်ခွက်လက်တံသည်15အုန်းသို့မဟုတ်20အုန်းပြနေလျှင်ကောင်းသည်။အကယ်၍သတ်မှတ်ဖော်ပြထားသောအုန်းထက်များနေလျှင်သော်လည်းငေါင်းနည်းနေလျှင်သော်လည်းကောင်းပါဆာအသစ်လဲလှယ်ပေးရမည်။ပုံနှင့်တကွပါဆာတိုင်းတာပုံဖော်ပြပေးလိုက်ပါသည်။ညီအကိုတွေအဆင်ပြေပါစေ၊။

တရုတ်clickတွေchargingဒိုင်အုပ်ကြောင်ရင်ဘာဖြစ်တတ်လဲ

တရုတ်ကလစ်တွေခြာချင်ဒိုင်အုတ်ကြောင်ရင်ဘာတွေဖြစ်လဲ

အတွေ့အကြုံလေးတခုရှင်းပြခြင်ပါတယ် တနေ့ကတရုတ်ကလစ်တစီးဆိုင်ရောက်လာပါတယ် ပြသနာကဘရိတ်ဆွဲပြီးစတတ်မွေ့ရင် နောက်ဘရိတ်လက်ကိုင် အရမ်းပူပြီးမီးခိုးတွေထွက်လာတယ်
ဒါနဲ့ကျနော်လဲ ဘရိတ်ဆွိဝါယာရှော့ဖြစ်တယ်ထင်ပြီးဘရိတ်ဆွိတွေစစ်ဆေးလိုက်တယ် ပြစ်ချက်မတွေ့ရပါဘူး
ဒါနဲ့စဉ်းစားရကြပ်နေတာပေါ့။ဒဲာဒါနဲ့တပည့်တယောက်ကို ရဲဘော်လာပါဦးမီတာယူခဲ့ ဆိုပြီး မီတာနဲ့တိုင်းလိုက်တဲ့အခါ ဘော်ဒီအပ်ကအပေါင်းနဲ့ညိနေတာတွေ့ရတယ်ဒီနေရာမှာမေးစရာတချက်ရှိတယ် ဘာလဲဆိုတော့ ရှေ့ဘရိတ်ဆွဲနှိုးရင်ရှေ့ဘရိတ်လက်ကိုင်မပူဘူးဗျ။ဘာကြောင့်လဲဆိုတော့ရှေ့ဘရိတ်ကြိုးကရာဘာပိုက်ဖြစ်နေလို့ဘဲ။နောက်ဘရိတ်ကြိုးကသံကြိုးတွေကိုစပလိမ်လိုခွေပြီးပလပ်စတစ်လောင်းထားတာဆိုတော့ ဘော်ဒီအပ်နဲ့ရှော့ကျတော့ ကွိုင်လိုဖြစ်ပြီးပူလာတာပါ။ကဲပြစ်ချက်အကြောင်းလေးရှင်းပါမယ် ပြစ်ချက်ရှာချိန်မှာသော့ဖွင့်ထားလိုက်တယ် ပြီးတော့ခေါင်းဝါယာသွားတဲ့ဆော့ကစ်တခုချင်းလိုက်ဖြုတ်ပစ်လိုက်တယ် ဒါလဲဘရိတ်လက်ကိုင်ပူနေတုန်းပဲ ဘက်ထရီလဲဘယိလောက်အားသွင်းသွင်းဆယ့်ငါးမိနစ်သာခံတယ်။ဒါနဲ့အဲ့ဒီနေရာမှာတင်ကျနော်စဉ်းစားတယ်ဖြုတ်စစ်စရာဆိုလို့ဒိုင်အုတ်ဆော့ကစ်ပဲကျန်တော့တယ်လေ ကဲဖြုတ်တယ်ကွာဆိုဖြုတ်ချပလိုက်တယ် ဆိုက်ဆိုက်မြိုက်မြိုက်ပါဘဲ ပြစ်ချက်တွေ့သွားတယ် လက်ကိုင်အပူချိန်လဲမရှိတော့သလို ဖြူးလဲမပြတ်တော့ဘူး။ဘာဖြစ်တာလဲဆိုတော့ကလစ်ဘီးမှာပါတဲ့ဒိုင်အုတ်အတော်များများဟာဒီုင်အုတ်အတွင်းမှာရှော့ဖြစ်ပြီး ပွင့်ပေါက်ပြတ်ထွက်တာတွေရှိတာ် အပြင်မှာတော့အကောင်းပကတိပါပဲ အဲ့ဒိုက်အုတ်ကိုမီတာနဲ့စ်တော့မှဟုတ်ပါတယ် ဒိုင်အုတ်ဘော်ဒီနဲ့ဆိုင်က်ာဖရိန်မှာရှော့ကျနေတာပါ ကဲဒီလောက်ပါပဲ ညီအကိုများ အတွေ့အကြုံသစ်များရရှိပြီး အဆင်ပြေစွာအသုံးပြုနိုင်ကြပါစေ။ကလစ်ဘီးမှမဟုတ်ပါဘူးအခြားဘီးတွေလဲဒိုင်အုတ်ပြသနာကြောင့်အဲ့လိုတွေဖြစ်တတ်ပါတယ်။

ဒိုင်အုပ်တိုင်းနည်း

ဒိုင်အုပ်တိုင်းတာနည်းလေးပါ

ဆိုင်ကယ်အမျိုးမျိုးရှိသလိုဒိုင်အုပ်အမျိုးမျိုးရှိပါသည် များသောအားဖြင့်ပျက်စီးလွယ်သောတရုတ်နိုင်ငံထုတ်ဆိုင်ကယ်များတွင်ပါသောဒိုင်အုပ်များအကြောင်းအရင်ရှင်းပြပေးပါမည် တရုတ်နိုင်ငံထုတ်ဆိုင်ကယ်များတွင်ဒိုင်အုပ်အကြီးဒိုင်အုပ်အသေးနှင့်ကြိုးပါသောဒိုင်အုပ်အကြီးဟူ၍ဆိုင်ကယ်ပေါ်မူတည်ပြီးတပ်ဆင်အသုံးပြုထားကြသည်။ဥပမာ ဒိုင်အုပ်အကြီးကိုကောင်းမကောင်းတိုင်းမည်ဆိုပါစို့
ပထမဦးစွာမီတာခလုတ်ကို x10တွင်ထားပါ
ပြီးလျှင်ဒိုင်အုပ်အကြီး၏ဆော့ကစ်ပေါက်နေရာကို သတ္ထု လိုင်းများအပေါ်မှရှိနေသည့်အနေအထားဖြင့်မျက်နှာချင်းဆိုင်အနေအထားဖြင့်တိုင်းမည်
အဲ့လိုသတ္ထုလိုင်းလေးတွေအပေါ်ဖက်မှာထားပြီးဆော့ကစ်ပေါက်ကိုကြည့်ပါ ဘယ်မှာအပေါ်အောက်နှစ်ငုတ်ညာမှာအပေါ်အောက်နှစ်ငုတ်တွေ့ရပါလိမ့်မယ်
ပြီးလျှင် ဘယ်ဖက်နစ်ငုတ်အပေါ်ကိုအနီလက်တံနဲ့ထောက်ပါ အနက်လက်တံကတော့ဘယ်ဖက်နစ်ငုတ်အောက်ကိုထောက်ရပါမယ် ဒါဆိုမီတာဒိုင်ခွက်မှာမီတာလက်တံတက်သွားတာပြပါလိမ့်မယ် အဲ့လိုဘမျိုးပဲဘယ်ဖက်ငုန်နစ်ငုတ်ကိုပြောင်းပြန်ပြန်ထောက်ရင်မီတာလက်တံမပြရပါဘူးနည်းနည်းမှမပြရပါဘူးပြနေရင်မကောင်းဘူး ညာဖက်နစ်ငုတ်ကိုလည်းဘယ်ဖက်စမ်းသလိုစမ်းပါမယ် ညာဖက်အပေါ်ကိုမီတာလက်တံအနီထောက်ပါ
ညာဖက်အောက်ငုတ်ကိုမီတာလက်တံအနက်ထောက်ပါမီတာဒိုင်ခွက်လက်တံပြပါလိမ့်မည် ညာဖက်နစ်ငုတ်ကိုပြောင်းပြန်ပြန်တိုင်းလျှင်မီတာဒိုင်ခွက်လက်တံမပြရပါဘူး ပြနေလျှင်မကောင်းပါ

အတိုမှတ်မယ်ဗျာ ဘယ်နစ်ငုတ်အပေါ်နီဘယ်အောက်နက်
ညာနစ်ငုတ်အပေါ်နီညာအောက်နက်
မီတာပြလျှက်ရှိရမယ်
ပြောင်းပြန်တိုင်းကမတက်ရ
တက်လျှင်မကောင်း
အသစ်ပြောင်းလို့မှတ်ပါ။ဒိုင်အုတ်အကြီးအတွက်ပါ

ဒိုင်အုတ်အသေးတိုင်းမယ်

မီတာခလုတ်ကိုx10တွင်ထားပါ
ဒိုင်အုတ်သေး၏သတ္ထုလိုင်းများကိုအပေါ်ဖက်ထားလျှက်ဆော့ကစ်ပေါက်ကိုကြည့်ပါ
ပြီးလျှင်ဘယ်ဖက်နစ်ငုတ်ညာဖက်နစ်ငုတ်ရှိပါမယ်
ဘယ်ဖက်နစ်ငုတ်အပေါ်ကိုမီတာကြိုးအနီထောက်ဘယ်ဖက်အောက်ငုတ်ကိုကြိုးအနက်ထောက်
လျှင်မီတာဒိုင်ခွက်လက်တံပြရမည် ပြောင်းပြန်ပြန်တိုင်းလျှင်မပြရပါပြနေလျှင်မကောင်းပါ ညာဖက်နစ်ငုတ်ကျတော့ဘယ်လိုတိုင်းတိုင်းမပြရပါဘူးပြနေလျှင်မကောင်းပါ

အတိုကောက်မှတ်မယ်နော်
ဘယ်နစ်ငုတ်အပေါ်နီ
ဘယ်အောက်နက်တိုင်းလျှင်ပြေးတက်
မီတာခွက်
ညာနစ်ငုတ်ဆိုကြိုက်သလို
ဘယ်လိုတိုင်းတိုင်း
ငြိမ်သက်လှိုင်း(ဒိုင်အုတ်သေးအတွက်ပါ)

ကြိုးပါသောဒိုင်အုတ်သည်ဒိုင်အုတ်ကြီးတိုင်းတာနည်းအတိုင်းအတူတူဖြစ်ပါသည်။ကြိုးအနီနေရာကိုမီတာကြိုးအနီနဲ့ထောက်ပါ ကြိုးအဝါနေရာကိုအနက်ကြိုးထောက်ပါ မီတာပြလျှင်ကောင်းသည် ပြောင်းပြန်တိုင်းကမတက်ရ ပါ
တက်လျှင်မကောင်းပါ အစိမ်းကြိုးကိုမီတာလက်တံအနက်ထောက်အဝါကြိုးကိုမီတာတံအနီထောက်မီတာဒိုင်ခွက်လက်တံပြရပါမယ်ဒါဆိုကောင်းတယ်
ပြောင်းပြန်ပြန်ထောက်လို့ပြနေရင်မကောင်းဘူး
ကြိုးပါဒိုင်အုတ်သည်များသောအားဖြင့်လေးပင်နှင့်ငါးပင်လာတတ်ပါသည်ငါးပင်သည်အနက်တချောင်းပိုလာတာပါ အဲ့တချောင်းကcharging cut outပါ မတတ်လဲရပါသည်။

ကဲနောက်မှနောက်ဒိုင်အုတ်တွေအကြောင်းရှင်းမယ်

ဝယ်မရသည့်စတတ်ကွိုင်များပတ်ကြမည်

ဝယ်မရသည့်ကွိုင်များပတ်ကြမယ်

တတော်များများဘိန်းကြီးတွေရဲ့start coil တွေဝယ်မရတာများတယ် ကွိုင်ပတ်တဲ့သူဆီသွားပြီးကွိုင်ပတ်ခိုင်းရတယ် လူများရင်စောင့်နေရတာကြာသေးတယ်
ကဲကိုယ့်ဟာကိုယ်ပတ်မယ်ဗျာ ဘာဖြစ်သေးလဲ
ပိုစိတ်ချရမယ် ပိုပြီးကျစ်လစ်အောင်ပတ်မယ်
ဟိုတုန်းကလိုအပတ်ရေကိုမှတ်ထားစရာမလိုတဲ့နည်းလေးနဲ့သင်ပေးမယ်
ကဲဘယ်လိုလုပ်မလဲပြောမယ်
မီတာခလုတ်ကိုx10မှာထားပါ
ပြီးရင်မိမိပတ်ရမဲ့ကွိုင်ကိုစပတ်မယ်
ဒီနေရာမှာပြောစရာတခုရှိပါတယ်ဘာလဲဆိုတော့ coil gate ရွေးတတ်ရပါမယ် coil gateရွေးတာမခက်ပါဘူးမူလကွိုင်အဟောင်းကကွိုင်တစလောက်ရှည်ရှည်လေးဖြတ်ယူပီးexampleအနေနဲ့coilကြိုးဝယ်မဲ့ဆိုင်မှာပြပီးဝယ်လိုက်ပါ ဝယ်ပြီးပြီဆိုတာနဲ့ ကွိုင်အဟောင်းရဲ့formerထဲကကြေးကြိုးလေးတွေကိုအကုန်ရှင်းထုတ်ပလိုက်ပါ ပြီးတာနဲ့ဝယ်လာသောကွိုင်ကြိုးကိုအစလေးချန်ပီးစပတ်ပါတော့ အပတ်ရေမမှတ်ပါနဲ့ formerရဲ့ဘောင်အတွင်းစနစ်တကျစီစီရီရီပတ်နိုင်ဖို့သာဂရုစိုက်ပါ အဲ ပတ်လို့မိမိဖြေထုတ်ထားသောကွိုင်အဟောင်းနီးနီးထုထည်ရလာပြီဆိုရင်တော့စပြီးမီတာနဲ့တိုင်းပါတော့မယ် မီတာနဲ့တိုင်းတော့မယ်ဆိုရင် ကွိုင်စပတ်တုန်းကချန်ထားခဲ့သောကြိုးစကိုခဲချွန်ဓားလေးနဲ့အပေါ်ရံဘန်းနစ်ကာဘာလေးများကွာအောင်ချစ်ပါပြီးရင်အဲ့ချစ်ထားတဲ့နေရာမှာမီတာကြိုးတစထောက်ပါ ပြီးရင်လက်ရှိရပ်နားထားသောကွိုင်ကြိုးနေရာကကြိုးကိုမဖြတ်ပစ်ဘဲအပေါ်ရံကာဘာကွာရုံလောက်သာခဲချွန်ဓားနဲ့ချစ်ပီးမီတာကြိုးတစထောက်ပါ ဒိုင်ခွက်လက်တံသည် မီတာအုန်းတန်ဘိုး ၈၀သော်လည်းကောင်း ၁၀၀ သော်လည်းကောင်းပြနေလျှင် ရပါပြီ မပြသေးလျှင်ဆက်ပတ်ပါ ၈၀အုန်းသို့မဟုတ်၁၀၀အုန်းပြည့်သွားပြီဆိုလျှင် အဲကွိုင်သည်စက်နှိုးဖို့အသင့်ဖြစ်နေသောstart coilဖြစ်သွားပါပြီ ကြိုးဖြတ်ပြီးငုတ်တဖက်တချက်ဆီခဲဆော်လို့ရပါပြီ ၁၀၀အုန်းအထိရောက်အောင်ပတ်နိုင်လျှင်ပိုကောင်းပါသည်။၈၀အုန်းဆိုလျှင်လဲရပါသည်။ညီအကိုများအဆင်ပြေကြပါစေ။