Monday, May 28, 2018

ဘရိတ်နင်းလျှင်ရှေ့မီးလင်းလာခြင်းပြသနာဖြေရှင်းမယ်

ဘရိတ်နင်းလျှင်ရှေ့မီးလင်းလာခြင်းပြသနာဖြေရှင်းကြမယ်

ပြသနာမဖြေရှင်းခင်အတွေ့အကြုံလေးတခုပြောပြမယ် ownerကပြောတယ်ဆရာကျနော့ဆိုင်ကယ်ကဘရိတ်နင်းလိုက်တိုင်းရှေ့မီးကြီးကထထပြီးလင်းနေတယ် လို့ပြောလာတယ်ဗျာ။ဒါနဲ့ကျနော်ကတပည့်တွေကို ကဲရဲဘော်တို့နောက်မီးခွက်ဖြုတ်စမ်းလို့အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ ownerရဲ့နှုတ်က ဟိုးဟိုးဆရာ ကျနော်က ဘရိတ်နင်းတိုင်းရှေ့မီးလင်းလင်းလာလို့ခင်ဗျားဆီလာပြတာနောက်မီးပိုင်းကကောင်းတယ် နားမလည်ရင်မပြင်တော့ဘူးဗျာတဲ့ ကျနော်ကလဲပန်ပြောလိုက်ပါတယ် အကိုပြောတဲ့စကားကျနော်နားလည်တယ်ကျနော်ပြင်တာကောင်းမလာရင်တပြားမှမပေးနဲ့ချိတ်ထားတဲ့ဆိုင်းဘုတ်ပါမြောင်းထဲချပလိုက်လို့ပြောပီးကိုယ်လုပ်စရာရှိတာဆက်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။တပည့်တယောက်ကို ရဲဘော်ရေငါ့ကိုဘရိတ်မီးသီးတလုံးပေးစမ်းဆိုတောင်းပြီးချက်ခြင်းပဲလဲပလိုက်တယ်။ပြီးတော့ဘရိတ်နင်းပြီးownerအကိုရှေ့ကကြည့်ပါ ရှေ့မီးကြီးလင်းနေသေးလားလို့ ဆိုတော့ သူကမလင်းတော့ဘူးဗျတဲ့ သူ့မျက်နှာကအံ့သြနေပြီးသူပြောခဲ့တာတွေအတွက်ကျနော့်ကိုတောင်းပန်တဲ့အကြည့်နဲ့ကြည့်နေတယ်။ကျနော်လဲလုပ်စရာလုပ်ပြီးတာနဲ့ လက်ခ၃၀၀၀တောင်းထားလိုက်တယ်။ကျေကျေနပ်နပ်ကြီးပေးသွားတယ် သူဆိုင်ပေါင်းများစွာရောက်တယ်အဆင်မပြေဘူးတဲ့ ။ပြစ်ချက်ကဘာလဲဆိုတော့ဘရိတ်မီးသီးထဲမှာမီးစနှစ်ဆပါတယ်မလား အေး အဲ့နစ်ဆထဲကဘရိတ်မီးဆကပြတ်ပြီး အောက်ကအစဖြစ်တဲ့passမီးစပေါ်ကိုသွားပြီးထိနေလို့ပါဘဲ။ဝပ်ရှော့ညီအကိုများသတိရှိစွာပြင်ဆင်နိုင်ကြပါစေ။

No comments:

Post a Comment