Monday, May 28, 2018

ဖြတ်ကွိုင်မကောင်းလျှင်ဖြစ်တတ်သောအချက်များ

Passer ဖြတ်ကွိုင်မကောင်းလျှင်တွေ့ကြုံရမည့်
အခက်အခဲကိုဘယ်လိုသိနိုင်မလဲ

ဖြတ်ကွိုင်ဆိုတာသံလိုက်အုံအတွင်းမှစတတ်ကွိုင်မှcdiသို့ပို့သည့်လျှပ်စစ်စက်ကွင်းကိုတိုင်ပင်ကိုက် အဖြတ်အတောက်လုပ်ပေးနိုင်ရန်အသုံးပြုထားခြင်းဖြစ်သည်။များသောအားဖြင့်ဆိုင်ကယ်တစီးမီးပျောက်ခဲ့လှင်အဖြစ်အများဆုံးကstart coilနဲ့cdiပေါ့ အဲ့ဒါလေးတွေလဲလိုက်ရင်မီးထွက်လာပြန်ရောဆိုတော့အခက်အခဲမရှိဘူးပေါ့ အဲဒီပစ္စည်းတွေလဲပြီးမီးမဆင်းရင်ပလပ်ကွိုင်လဲတယ်ပလပ်ကွိုင်လဲပြီးမီးမဆင်းရင်လဲရွာလည်ကြပြန်ရော passerကွိုင်ကိုသတိမမူမိကြဘူး
ကဲပါဆာကွိုင်အကြောင်းလေးရှင်းပြမယ်
တချို့တချို့ဆိုင်ကယ်တွေပူလာရင်နှိုးရခက်လာတယ်အေးနေတုန်းအဟုတ်ပဲ နောက်ပြီးhi wayစီးရင်ထိုးရပ်တယ် အေးသွားရင်ပြန်နှိုးရတယ် အဲ့သဘောတွေကပါဆာမကောင်းတဲ့သဘောပေါ ပါဆာချက်ချင်းလဲပလိုက်okသွားတာပါဘဲ
ကဲပါဆာကောင်းမကောင်း multimetre နဲ့တိုင်းမယ် မီတာခလုတ်ကိုx10မှာထားပါ ပြီးရင်ပါဆာကွိုင်ကြိုးဖြစ်တဲ့ဖြူပြာကြားအစမှာမီတာလက်တံတစထောက်ပါ ကျန်မီတာလက်တံတစကပါဆာရဲ့ဘော်ဒီကိုထောက်ပါ ဒိုင်ခွက်လက်တံသည်15အုန်းသို့မဟုတ်20အုန်းပြနေလျှင်ကောင်းသည်။အကယ်၍သတ်မှတ်ဖော်ပြထားသောအုန်းထက်များနေလျှင်သော်လည်းငေါင်းနည်းနေလျှင်သော်လည်းကောင်းပါဆာအသစ်လဲလှယ်ပေးရမည်။ပုံနှင့်တကွပါဆာတိုင်းတာပုံဖော်ပြပေးလိုက်ပါသည်။ညီအကိုတွေအဆင်ပြေပါစေ၊။

No comments:

Post a Comment