Monday, May 28, 2018

ပလပ်ကွိုင်အဝင်ကြိုးနက်ဝါကြားလွတ်နေလျှင်ဖြစ်တတ်သောပြသနာ

ပလပ်ကွိုင်အဝင်ကြိုးကလစ်(နက်ဝါကြားကြိုး )လွတ်ခြင်းနှင့်ဖြစ်ပေါ်တတ်သောပြသနာများ

ဝပ်ရှော့ဆရာအများစုပြစ်ချက်ရှာရခက်သောအပြစ်မျိုးထဲမှတခုကိုဖော်ပြလိုက်ပါသည်။ဆိုင်ကယ်တစီးသည် စီးရင်းဆီပြတ်သလိုတွန့်ဆုတ်တွန့်ဆုတ်ဖြစ်တတ်ပြီးတခါတရံထိုးရပ်တတ်သည်။ထိုသို့်ကြုံလှင်ဝပ်ရှော့ဆရာများက ပလပ်မကောင်းဟုယူဆပြီးလဲမည်။ သို့သော်ဆိုင်ကယ်ကကောင်းမလာပါ။ကာဗျူရေတာမကောင်းဟုယူဆပြီးလဲမည် ဆေးမည် မထူးခြားပါ။cdiနှင့် မီးထုပ်တွေပါမကောင်းဟုယူစပြီးထပ်လဲသည်ကောင်းမလာပါ။ထိုအခါဆရာများ အကြံအိုက်သွားကြတတ်သည်။ထိုသို့ကြုံခဲ့လျှင် ပလပ်ကွိုင်အဝင်ကြိုး လွတ်မလွတ်ပြန်စစ်ဆေးပါ လွတ်နေလျှင် အထိအမိကောင်းအောင်ပြန်ဆက်သွယ်ပေးပါ များသောအားဖြင့်ကလစ်နှင့်တပ်ထားသောအဝင်ငုတ်များချောင်နေတတ်သောကြောင့်ကလစ်ကိုပလည်ယာဖြင့်ဖိပေးလိုက်လျှင် ဆိုင်ကယ်သည်မီးဆင်းမှန်သွားပြီးလျှင်အကောင်းပကတိအတိုင်းဖြစ်သွားမည်ဖြစ်သည်။မလိုအပ်သည်များလျှောက်မလဲခင်ပလပ်ကွိုင်အဝင်ကိုစစ်ဆေးပါ။

No comments:

Post a Comment