Monday, May 28, 2018

ACG starterအကြောင်း

သင်တို့သိထားသင့်သော ACG Starter ရဲ့အခြေခံအကြောင်းတရားများ

ခေတ်နဲ့အညီတိုးတက်ပြောင်းလဲမှုများရှိလာကြသည် တိုးတက်လာသည်နှင့်အမျှ နည်းပညာများမြင့်မားလာကြသည်
ယခင်ကဆိုင်ကယ်တစီးစက်နှိုးအသုံးပြုရန်ကစ်စတတ်တာကိုအသုံးပြုကြသည်
တဖြေးဖြေးနည်းပညာတိုးတက်လာတော့ မော်တာစတတ်တာကိုအသုံးပြုကြသည်
ယခုခေတ်နည်းပညာမြင့်မားလာတော့ACG starterကိုသုံးလာကြသည်
ဘာကြောင့်ACG starterကိုအသုံးပြုကြတာလဲ
မော်တာထက်ပိုပြီးငြင်သာတယ် ကာဗွန်လဲစရာမလိုဘူး စတတ်ဘောလဲဖို့မလိုဘူး စတာတွေဟာACG starterရဲ့အားသာချက်တွေပါ
ACG starter ကိုများသောအားဖြင့်မော်ဒယ်မြင့်ယိုးဒယားကလစ်ဘီးတွေနဲ့ hibridgeကားတွေမှာအသုံးပြုလာကြပါတယ်
သူရဲ့ဖွဲ့စည်းပုံကတော့သံလိုက်အုံအတွင်းမှကိုင်ထုပ်များကိုအသုံးပြုပြီးကရိုင်းရှပ်ကိုလည်စေခြင်းဖြစ်တယ် စတတ်ခလုတ်နှိပ်ချိန်မှာ ရီလေးဘူးဆီမီးရောက်တယ်ရီလေးဘူးမှတဆင့်ကွိုင်ဆီသို့အဆင့်ဆင့်မီးရောက်ပီးကွိုင်သည်မီးရောက်သည်နှင့်ချက်ခြင်းပင်သံလိုက်အဖြစ်ပြောင်းလဲသွားပြီးfly wheelဖြစ်တဲ့ပုံသေသံလိုက်ဘီးကြီးကိုတွန်းကန်ရင်းလည်ပတ်စေတယ် တွန်းကန်တဲ့နေရာမှတန်းပြီးတွန်းကန်ခြင်းမျိုးမဟုတ်ဘဲ အင်ဂျင်လည်ပတ်သည့်လမ်းကြောင်းနှင့်ဆန့်ကျင်ဖက်လားရာသို့အနည်းငယ်နောက်ဆုတ်အရှိန်ယူုပြီးမှ ရှေ့သို့တွန်းကန်လည်ပတ်စေပြီးအင်ဂျင်ကိုနိုးစေခြင်းဖြစ်တယ် ကဲဒီလောက်ပါဘဲ လေ့လာရင်းသင်ယူရင်း ပညာတိုးပွားကြပါစေ။

No comments:

Post a Comment