Monday, May 28, 2018

အချက်ပြဘူးတပ်ဆင်ပုံ

စီကနယ်အချက်ပြဗူးတပ်ဆင်အသုံးပြုပုံ
 
အချက်ပြဗူး၏ငုတ်နှစ်ငုတ်အခြေကိုကြည့်ပါ
တငုတ်ကBလို့ရေးထားပြီးတငုတ်ကLလို့ရေးထားပါလိမ့်မယ်
Bလို့ရေးထားတဲ့ဖက်ကbatteryအပေါင်းကြိုးဝင်မှာပါတရုတ်ဆိုင်ကယ်ဆိုအနက်ကြိုးဝင်မှာပါယိုးဒယားနဲ့ဂျပန်ဘီးကတော့အညိုရောင် အချို့အနက်ရောင်လာတာများပါတယ် L လို့ရေးထားတဲ့ဖက်ကအထွက်ပါ ကြိုးအရောင်ကခဲရောင်ကြိုးလေးပါ အချက်ပြမီးခလုတ်ရဲ့ဆော့ကစ်ဆီသွားပါတယ်
ခလုတ်ကမှတဆင့်အချက်ပြမီးသီးတွေဆီသို့အပြာနုရောင်နဲ့လိမ္မော်ရောင်ကြိုးများဖြင့်သွားပါတယ်
တရုတ်ဆိုင်ကယ်မှာတော့အပြာနုရောင်ကြိုးကညာဖက်အချက်ပြမီးပါ
လိမ္မော်ရောင်ကတော့ဘယ်ဖက်အချက်ပြမီးပါ

(͡° ͜ʖ ͡°)အတိုမှတ်သားချင်ရင်တော့ညာပြာ ဘယ်မော်လို့မှတ်ပါ

No comments:

Post a Comment