Monday, July 9, 2018

စတတ်မော်တာတွေဘာကြောင့်ပြောင်းပြန်လည်ကြတာလဲ

စတတ်​​မော်​တာ​တွေဘာ​ကြောင့်​​ပြောင်းပြန်​လည်
ကြတာလဲ

ဆိုင်​ကယ်​မှာပါတဲ့စတတ်​​မော်​တာ​တွေဟာ ပုံ​သေသံလိုက်​နဲ့ ယာယီသံလိုက်​ကို အသုံးပြု
ပြီးလည်​ပတ်​​စေတာဖြစ်​တယ်​။ပုံ​သေသံလိုက်​ဆိုတာဘာလဲ ဟုတ်​ပြီ ရှင်းမယ်​ ​မော်​တာရဲ့အဖုံး စ​လောင်းမှာတပ်​ဆင်​ထားတာပိုပုံ​​သေသံလိုက်​အမြဲတမ်းသံလိုက်​လို့​ခေါ်တယ်​။မော်​တာရဲ့အတွင်းပိုင်းအူတိုင်​​ချောင်းကြီးက​တော့ အာ​မေချာကွိုင်​လို့​ခေါ်တဲ့ယာယီသံလိုက်​ကြီးပါ။ဘာ​ကြောင့်​ယာယီသံလိုက်​လို့​ခေါ်ရတာလဲ ဟုတ်​ပြီ ယာယီသံလိုက်​ဆိုတာဟာ အဲ့ဒီကွိုင်​အတွင်းသို့လျှပ်​စီးပတ်​လမ်း​ရောက်​မှသာသံလိုက်​အလုပ်​ကိုလုပ်​​ဆောင်​တာဖြစ်​တယ်​ ဒါ​ကြောင့်​ စတတ်​ခလုတ်​ကိုနှိပ်​တဲ့အခါ ဆိုလိုနိုက်​က တပ်​တပ်​ဆိုပြီး အသံနှင့်​အတူ ဘက်​ထရီရဲ့မိန်းဝါယာတစကိုပူး​ပေးလိုက်​တယ်​။အဲ့လိုပူး​ပေးလိုက်​တာနဲ့ ဘက်​ထရီရဲ့ဗို့အားဟာ ​မော်​တာအတွင်းရှိ အာ​မေချာကွိုင်​လို့​ခေါ်တဲ့ ယာယီသံလိုက်​တုံးဆီသို့ ကာဗွန်​မှတဆင့်​ဖြတ်​သန်းစီးဝင်​သွားတယ်​။မော်​တာရဲ့​ဘော်​ဒီဟာအပ်​​ပေါ့။ဒါ​ကြောင့်​အပ်​ကပုံ​သေရှိနှင့်​ပြီးဖြစ်​တာ​ကြောင့်​ အ​ပေါင်းဗို့အား​ရောက်​ရှိလာသည်​နှင့်​ အာ​မေချာကွိုင်​ကြီးဟာ ယာယီသံလိုက်​အလုပ်​ကိုလုပ်​​ဆောင်​ပါ​တော့တယ်​။အဲ့ဒီမှာ သံလိုက်​အချင်းချင်းတွန်းကန်​ပြီး​မော်​တာဟာ လည်​ပတ်​ခြင်းစတင်​ပါ​တော့တယ်​။မော်​တာဟာသူ့ပတ်​လမ်းအတိုင်းလည်​ပတ်​​နေတာမှန်​​သော်​လဲ မိမိအသုံးပြုလိုသည့်​လားရာဖက်​ကို ​ပြောင်းလဲအသုံးပြုနိုင်​တယ်​ ဆိုလိုတာက ဘယ်​လည်​ ညာလည်​ ​ပေါ့။အဲဒီမှာပြသနာကဘာလဲဆို​တော့ ဝပ်​​ရှော့ညီအကို​တွေ ​မော်​တာစ​လောင်းကသံလိုက်​တုံး​လေး​တွေကွာ​နေတာမြင်​ဖူးကြုံဖူးမယ်​ထင်​ပါတယ်​။လွယ်​လွယ်​ပဲသံလိုက်​ကိုဖြုတ်​လိုက်​တယ်​ ဆူပါဂလူး​ကော်​နဲ့ကပ်​ပြီးပြန်​တပ်​တယ်​ ပြီး​တော့​မော်​တာက ​ပြောင်းပြန်​လည်​​တော့တာပါဘဲ။အဲ့အချိန်​မှာစတတ်​​ဘောလဲသူလဲရှိမယ်​ ကျန်​တာဘာညာ လိုက်​လုပ်​ မရသူလဲရှိမယ်​ ဘာဖြစ်​လို့လဲဆို​တော့ ​မော်​တာ​ပြောင်းပြန်​လည်​ခြင်းဟာ အင်​ဂျင်​ကိုချိတ်​ပြီးမရုန်း​တော့ဘဲစတတ်​​ဘော​ချော်​သလို ဖရီးလိုက်​လည်​​နေတာပါဘဲ။ကဲဘယ်​လိုပြင်​မလဲ ​နောက်​ဆိုသံလိုက်​ကွာတာ​တွေ့ရင်​ အခြမ်းဘယ်​ညာမလွဲ​စေနဲ့ သံလိုက်​အ​ပေါ်​အောက်​မမှား​စေနဲ့​ပေါ့။မှားခဲ့ရင်​လဲလွယ်​ပါတယ်​ သံလိုက်​အုံစ​လောင်းကိုလှည့်​ပြီးထည့်​​ပေးလိုက်​ပါ။ရှစ်​နပ်​အကြီးနစ်​လုံးပဲတပ်​လို့ရမယ်​ ကျန်​နပ်​အ​သေးသုံးလုံးတပ်​မရ​တော့ပါ အ​ပေါက်​​တွေလွဲ​နေလိမ့်​မယ်​။ကိစ္စမရှိ
ဘူး ​မော်​တာအမှန်​အတိုင်းပြန်​လည်​လိမ့်​မယ်​။နောက်​တနည်းက​တော့ကာဗွန်​ငုတ်​​ပြောင်းတပ်​ရင်​လဲရပါတယ်​ အဲ့နည်းကဝါယာမကျွမ်းရင်​မီး​လောင်​နိုင်​တာမို့​ပြောမပြ​တော့ပါဘူး။ဂပ်​​ရှော့ညီအကိုများပညာရရှိပြီးအဆင်​​ပြေတတ်​​မြောက်​ကြပါ​စေ။
ဆရာစွမ်းနိုင်​ ဆင်​ဖြူကျွန်း

Thursday, July 5, 2018

Efiအော်တိုစတတ်မော်တာဘီးများအတွက်

စတတ်မော်တာအသုံးပြုထားသောယိုးဒယားEFIအော်တိုဘီးများအတွက်
စတတ်မော်တာအသုံးပြုထားသောယိုးဒယားefiအော်တိုဘီးများတွင်ဖြစ်လေ့ဖြစ်ထရှိသော စက်နိုးပြီးမော်တာလိုက်လည်နေခြင်းပြစ်ချက်ဖြေရှင်းပါမယ် ကျနော်တို့စက်စပြီးနှိုးဖို့စတတ်မော်တာကိုအသုံးပြုခြင်းဖြစ်သလို မော်တာရဲ့အလုပ်ဟာ စက်နှိုးပြီးတာနဲ့ ရပ်တန့်သွားရမှာဖြစ်တယ်။အဲမရပ်တန့်ဘဲဆက်ပြီးအင်ဂျင်နဲ့အတူလိုက်လည်နေတယ်ဆိုရင်တော့ သေခြာပီ လိုအပ်ချက်တစ်ခုတော့ရှိနေလို့ပါဘဲ။ရီလေးဘူးကြောင့်လားသိခြင်တာတို့ ခလုတ်ကြောင့်လားသိခြင်တာတို့ဆိုရင်ဖြင့်စက်နိုးနေတဲ့ခါ တခုခြင်းဖြုတ်ကြည့်ပါ ခလုတ်ဖြုတ်သော်လည်းမော်တာလည်မြဲပဲ ဆိုလိုနိုက်ရီလေးဖြုတ်သော်လည်းမော်တာလည်မြဲလိုက်လည်နေတယ်ဆိုရင်တော့ ပတ္တားကြိုးအုံကိုဖွင့်လိုက်ပါပြီးရင်တော့မော်တာရဲ့ထိပ်အုပ်ကလေးကိုဖွင့်ပါ ပြီးရင် မော်တာစတတ်ပင်နီယံရဲ့အောက်ကစပရင်ကိုဖြုတ်လဲပေးလိုက်ပါ။အဓိကပြစ်ချက်သည်စပရင်မပြန်တော့လို့ပင်နီယံကအင်ဂျင်နဲ့ဆက်သွယ်ထားသောမိန်းပင်နီယံမှမခွာနိုင်သောကြောင့်လိုက်လည်ရခြင်းအကြောင်းတရားဖြစ်ပေသည်။မော်တာအသုံးပြုထားသောဘီးဖြစ်ပေမယ့်စတတ်ဘောအသုံးပြုထားခြင်းမရှိဘဲမော်တော်ကားများ၏မော်တာတည်ဆောက်ပုံကိုအသုံးပြုထားခြင်းကြောင့်အာလိမ်ပင်နီယံဖြင့်အလုပ်လုပ်ခြင်းမျိုးဖြစ်ပါသည်။မသိမတတ်လေ့လာသင်ယူဆဲလောကသားများအားလုံးလေ့လာသင်ယူတတ်မြောက်နိုင်ကြပါစေ ဆရာစွမ်းနိုင် ဆင်ဖြူကျွန်း

Wednesday, June 13, 2018

Cdiငါးပင်အသုံးပြုပြီးသော့ပိတ်သော်လည်းစက်ရပ်မရသည့်ပြသနာ

Cdiငါးစအသုံးပြုထားတဲ့ဆိုင်ကယ်ဘာကြောင့်သော့ပိတ်သော်လည်းစက်မရပ်တာလဲ

Cdiငါးစတွေရဲ့အလယ်ငုတ်ဟာစက်သတ်ကြိုးပါဒါကြောင့်နက်ဖြူကြားကြိုးမကောင်းလျှင်သော်လည်းကောင်း cdi ပင်လွတ်နေလျှင်သော်လည်းကောင်း
သော့မှအစိမ်းစလွတ်နေလျှင်သော်လည်းကောင်း သော့မကောင်းတော့လျှင်သော်လည်းကောင်း ထိုသို့သောပြစ်ချက်ကြုံရတတ်သည်
ဖြေရှင်းနည်းကတော့မီတာကိုx10မှာထားပါပြီးရင်cdiမှနက်ဖြူကြားကြိုးကိုမီတာတံတစထောက်ပါပြီးလျှင်သော့မှနက်ဖြူကြားကြိုးကိုမီတာတံတစထောက်ပါမီတာပြလျှင်ကြိုးconnectionကောင်းပြီပေါ့ အကယ်၍မီတာတိုင်းလို့မပြခဲရင် cdiမှသော့သို့ဝါယာတစ်ချောင်းအစားထိုးပေးပါ နောက်တခုသော့မှအစိမ်းကြိုးကိုစမ်းမယ်မီတာကိုx10မှာထားပါဆော့ကစ်မဖြုတ်ဘဲတိုင်းမယ်သော့အစိမ်းစထဲသို့မီတာတံတစထည့်ဆိုင်ကယ်ဘော်ဒီသို့မီတာတံတစထောက်မီတာလက်တံအပြည့်ပြရမည်ဒါဆိုအစိမ်းလိုင်းကောင်းတယ်ပေါ့ မပြခဲ့လျှင်အစိမ်းလိုင်းကိုအပ်ချပေးပါ။သော့ကောင်းမကောင်းစမ်းမယ်မီတာကိုx10မှာထားပါသော့ဆော့ကစ်ဖြုတ်ပါပြီးရင်သော့မှနက်ဖြူကြားကိုတစထောက်အစိမ်းစကိုတစထောက်ပါသော့ပိတ်ထားလျှင်မီတာအပြည့်တက်ရမည် သော့ဖွင့်လိုက်လျှင်လုံးဝမပြတော့ပါဒါဆိုသော့ကောင်းသည် ပိတ်ထားပါလျှက်မီတာတိုင်းလို့မပြလျှင်
သော့သာအသစ်လဲပေးလိုက်ပါ လေ့လာနေသောတပည့်များလက်တွေ့အသုံးပြုနိုင်ကြပါစေ ဆရာကြီးလုပ်နေသူများလဲခိုးဖတ်ပီးမိတ္တူပြုနိုင်ကြပါစေ

Tuesday, June 5, 2018

သော့ပိတ်ထားသော်လည်းစတတ်မော်တာလည်နေခြင်းအကြောင်းတရားဖြေရှင်းနည်း

သော့ပိတ်ထားသော်လည်းစတတ်မော်တာလည်နေခြင်းအကြောင်းတရား

ဆိုင်ကယ်သမားတစ်ယောက်အပြေးအလွှားနဲ့ကိုယ့်ဆိုင်ထဲကိုဝင်လာမယ် ဆရာရေလုပ်ပါဦးကျနော့်ဆိုင်ကယ်ကြီးကဘာဖြစ်တယ်မသိ သော့ခတ်ထားရက်နဲ့ စက်နိုးသလိုကြီးအော်နေတယ်မော်တာကဒီအတိုင်းကြီးလိုက်လည်နေတယ်ဆရာ ခုလေးတင်ဖြစ်တာ စီးလာတာအကောင်းပဲ ကဲဝပ်ရှော့ညီအစ်ကိုများ ဘာကစလုပ်ကြမလဲ တချို့ကတော့မလုပ်တတ်တော့ ဘက်ထရီအိုးအားကုန်မှရပ်တော့တယ်
ပြီးမှဘာဆက်လုပ်ရမှန်းမသိဖြစ်နေကြတယ် ဖြူးဖြုတ်သော်လည်းမရ ဘာကြောင့်မရသလဲမေးလေ ဘယ်ရမလဲဘက်ထရီအိုးမှမိန်းကြိုးအနီကြီးဟာဆိုလိုနိုက်ကိုတိုက်ရိုက်သွယ်ထားတဲ့ကြိုးဖြစ်တာကြောင့်သော့ပိတ်ထားသော်လည်းဆိုလိုနိုက်အတွင်းဗို့ရှိနေပြီးဆိုလိုနိုက်မကောင်းတော့သည့်အခါသော့ပိတ်ထားသည့်တိုင်မော်တာလိုက်လည်နေရခြင်းအကြောင်းတရားဖြစ်ရပါသည်။မသိသူများကတော့စတတ်ခလုတ်တွေလဲကြဟိုဟာလုပ်ကြဒီဟာလုပ်ကြနဲ့ရွာလည်ကြသည်။မှတ်ထားညီအကိုများအဲ့လိုဖြစ်လာရင်ဆိုလိုနိုက်သာလဲပစ်okပဲ

ဆိုင်ကယ်တစီးပါဝါမီးအောက်သွားရင်ဘာတွေစစ်မလဲ

ဆိုင်ကယ်တစ်စီးပါဝါလိုင်းအောက်သွားပြီဆိုရင်ဘာတွေအရင်စစ်မလဲ

ကောင်းပြီးဆိုင်ကယ်တစ်စီးကိုယ့်ဆီလာအပ်တယ်ဆိုပါတော့ ဆရာရေကျနော့်ဘီးလေး ဘာမီးမှမလာတော့လို့ဆရာ ဘက်ထရီကလဲအသစ် ပြီးတော့သော့ကလဲအသစ် ဖြူးအိမ်လဲအသစ်လဲထားတယ်ဆရာ တပ်ခါစကလဲဘာမှမလာလို့အကုန်လဲကည့်တာလဲတော့လဲဘာမှမရလို့ဆိုပြီးဆိုင်လာပြတယ် ဟုတ်ပြီဝပ်ရှော့ဆရာကသူထင်ထားတာမှန်သမျှကာစတန်မာကလဲလာပြီးသားဖြစ်နေလေတော့ရုတ်တရက်ဘယ်ကစလို့ဘာလုပ်ရမှန်းမသိဖြစ်တတ်တယ် အဲလိုဖြစ်နေတုန်းဘီးပိုင်ရှင်ကမေးမယ်ဆရာဘာတေလဲရမလဲ ဘာလုပ်ရမလဲ ဘယ်လောက်ကျမလဲတွေစုံအောင်မေးပါလိမ့်မယ် သူထင်သမျှအကုန်လဲပီးမရလို့လာတာကိုး ကဲဒီတော့ဝပ်ရှော့ဆရာအနေနဲ့လုပ်စရာတစ်ခုပဲရှိတယ်ဘာလဲဆိုတော့ဝါယာရိန်းလိုသ်းအတွင်းမှဆိုင်ကယ်တစ်စီးလုံးကိုမီးဝေပေးတဲ့အနက်ကြိုးကိုလိုက်စစ်ပါမယ် အဓိကပြသနာဟာအနက်ကြိုးကြောင့်ပါ ပြတ်နေရင်ပြန်ဆက်ပေးပါ လောင်နေရင် အသစ်လဲပေးပါ ဒါဆို အိုကေပီ ဝပ်ရှော့ညီအစ်ကိုများပညာရရှိနိုင်ကြပါစေ။

Monday, May 28, 2018

ဝါယာရိန်းစာအုပ်ဝယ်လိုလျှင်09777874379ကိုဆက်ပါ

ဆိုင်ကယ်တစ်စီးစက်နိုးဖို့ဘာတွေလိုလဲ

ဆိုင်ကယ်တစ်စီးမှာ စက်နှိုးနိုင်ဖို့အတွက်
အဓိကအချက်အလက်အနေနဲ့ဝါယာပိုင်းလဲပါပါတယ်
ဝါယာမှာဆိုC.D.Iကိုဝင်တဲ့ဆော့ကစ်ကကြိုးလေးတွေကိုစပြီးပြောကြမယ်
နံပါတ်၁။အဝင်ကြိုး (နက်နီကြား)
           ၂။အထွက်ကြိုး(နက်ဝါကြား)
           ၃။pulsaဖြတ်ကွိုင်ကြိုး(ဖြူပြာကြား)
၎။groundအပ်ကြိုး(အစိမ်း)
,၅။သော့ကြိုး(နက်ဖြူကြား)ကြိုးတို့ဖြစ်တယ် အဲဒီကောင်တွေအားလုံးကောင်းမှဆိုင်ကယ်တစီးဟာမီးပေါက်မှန်မယ်။

သော့ဝါယာငါးဆနဲ့ခုနစ်ဆဘာကွာလဲ

လော့ဂျာဆိုင်ကယ်သောနဲ့ပါတ်သက်လို့
ငါးဆတို့ခုနစ်ဆတို့ဆိုတဲ့ဝါယာအပင်ရေပေါ်မူတည်ပြီးအသုံးပြုကြတာတွေရှိပါတယ်။အဓိကကတော့သော့မှာပါတဲ့ဝါယာ အနီ အနက် အစိမ်း နဲ့နက်ဖြူကြားတို့က ပုံသေကြိုးတွေဖြစ်လို့အဲဒီကြိုးလေးချောင်းကိုမမှားအောင်သာချိတ်ဆက်လိုက်ပါ။သော့ငါးပင်ကြိုးက လေးဆcdiအသုံးပြုထားလို့်ပါ အကယ်၍ငါးဆသော့ဝယ်မရလို့ခုနစ်ပင်သော့တပ်ချင်ရင် ကျနော်ပြောသလိုပဲသော့ရဲ့အဓိကပင်မကြိုးတွေဖြစ်တဲ့အနီနဲ့အနက်ကိုပဲချိတ်ဆက်ထားရင်ကိုအသုံးပြုလို့ရပါတယ်။ကျန်သောကြိုးများကဆိုင်လင့်မီးအတွက်ပါ။အဲ့ဒီလိုပါဘဲခုနစ်ပင်သော့ကိုလေးစ ရိုးရိုးဆိုင်ကယ်သော့တပ်ချင်ရင်လဲရပါတယ်။ဘာမှမခက်ပါဘူးသော့မှာပါတဲ့အနီအနက်အစိမ်းနဲ့နက်ဖြူကြားကြိုးတို့ကိုမှန်အောင်ချိတ်ဆက်ပေးဖို့ပဲလိုတာပါ။ကျန်ကြိုးများကဆိုင်းလင့်အတွက်ပါ။ခုနစ်ပင်သော့ကတော့ငါးဆcdiအသုံးပြုထားတဲ့ဆိုင်က်ာပေါ့ဗျာ။

မီးအဖွင့်အပိတ်ခလုတ်ပြသနာဖြေရှင်းမယ်

မီးအဖွင့်အပိတ်ခလုတ်နဲ့ပတ်သက်လို့
ပြောချင်တာရှိပါတယ်။ဘာလဲဆိုတော့
လော့ဂျာဆိုင်ကယ်နဲ့ဒယန်းဆိုင်ကယ်တွေရဲ့မီးအဖွင့်အပိတ်ခလုတ်နဲ့အခြားအခြားသောဆိုင်ကယ်များရဲ့မီးအဖွင့်အပိတ်ခလုတ်တို့ဟာမတူညီကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့လော့ဂျာနဲ့ဒယန်းဟာဆိုင်းလင့်မီးသီးများပါရှိခြင်းကြောင့်ထိုမီးများအတွက်မီးအဖွင့်အပိတ်ခလုတ်ရဲ့တည်ဆောက်ပုံဟာတလိုင်းပိုပါတယ်။အပြင်ဘန်းကြည့်မ်ာဆိုရင်တော့အသွင်တူတယ်ပေါ့ဗျာလက်တွေ့မှာမတူပါဘူး။အဲ့ဒီလော့ဂျာနဲ့ဒယန်းဆိုင်ကယ်တွေကိုရိုးရိုးမီးအဖွင့်အပိတ်ခလုတ်တပ်ပြီးအသုံးပြုမယ်ဆိုရင်ရှေ့မီးကြီးကခလုတ်ဖွင့်တဲ့အနေအထားမလင်းဘဲဆိုင်းလင့်သာလင်းနေပြီးမီးခလုတ်ပိတ်လိုက်တဲ့အချိန်ရှေ့မီးကြီးလင်းလာခြင်းစတဲ့စတဲ့မလိုအပ်သောဝါယာရိန်းအမှားများထွက်ပေါ်လာတတ်သည်ကိုသတိပြုရမည်။လော့ဂျာနဲ့ဒယန်းကမီးဖွင့်ပိတ်ခလုတ်တည်ဆောက်ပုံတူပါတယ်။လော့ဂျာမီးအဖွင့်အပိတ်ခလုတ်ကိုဒယန်းမှာလဲတတ်ပြီးအသုံးပြုနိုင်ပါတယိ။

အဆင်ပြေချောမွေ့ကြပါစေ. စွမ်းနိုင်M.C ဆင်ဖြူကျွန်း

မီတာတိုင်းနည်း

မီးအဖွင့်အပိတ်ခလုတ်နဲ့ပတ်သက်လို့
ပြောချင်တာရှိပါတယ်။ဘာလဲဆိုတော့
လော့ဂျာဆိုင်ကယ်နဲ့ဒယန်းဆိုင်ကယ်တွေရဲ့မီးအဖွင့်အပိတ်ခလုတ်နဲ့အခြားအခြားသောဆိုင်ကယ်များရဲ့မီးအဖွင့်အပိတ်ခလုတ်တို့ဟာမတူညီကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့လော့ဂျာနဲ့ဒယန်းဟာဆိုင်းလင့်မီးသီးများပါရှိခြင်းကြောင့်ထိုမီးများအတွက်မီးအဖွင့်အပိတ်ခလုတ်ရဲ့တည်ဆောက်ပုံဟာတလိုင်းပိုပါတယ်။အပြင်ဘန်းကြည့်မ်ာဆိုရင်တော့အသွင်တူတယ်ပေါ့ဗျာလက်တွေ့မှာမတူပါဘူး။အဲ့ဒီလော့ဂျာနဲ့ဒယန်းဆိုင်ကယ်တွေကိုရိုးရိုးမီးအဖွင့်အပိတ်ခလုတ်တပ်ပြီးအသုံးပြုမယ်ဆိုရင်ရှေ့မီးကြီးကခလုတ်ဖွင့်တဲ့အနေအထားမလင်းဘဲဆိုင်းလင့်သာလင်းနေပြီးမီးခလုတ်ပိတ်လိုက်တဲ့အချိန်ရှေ့မီးကြီးလင်းလာခြင်းစတဲ့စတဲ့မလိုအပ်သောဝါယာရိန်းအမှားများထွက်ပေါ်လာတတ်သည်ကိုသတိပြုရမည်။လော့ဂျာနဲ့ဒယန်းကမီးဖွင့်ပိတ်ခလုတ်တည်ဆောက်ပုံတူပါတယ်။လော့ဂျာမီးအဖွင့်အပိတ်ခလုတ်ကိုဒယန်းမှာလဲတတ်ပြီးအသုံးပြုနိုင်ပါတယိ။

အဆင်ပြေချောမွေ့ကြပါစေ. စွမ်းနိုင်M.C ဆင်ဖြူကျွန်း

မလိုအပ်သောမီးများလင်းလာခြင်းနှင့်groundလွတ်ခြင်ပြသနာဖြေရှင်းမယ်

မလိုအပ်သောမီးများလင်းလာခြင်းနှင့်groundပြသနာ
ဆိုင်ကယ်တစီးရဲ့ ခလုတ်တခုခုကိုနှိပ်လိုက်တာနဲ့ အချက်ပြမီးတွေလင်းလာမယ်
အချက်ပြမီးခလုတ်ကိုဖွင့်တာမဟုတ်ဘဲလင်းလာခြင်းကိုဆိုလိုပါတယ်
အဲ့လိုလင်းလာရင်တော့ဆိုင်ကယ်တစီးမှာgroungလွတ်ခြင်းပြသနာကိုအစပြုနေပါပြီ။
Groundဆိုတာကတော့အပ်ကြိုးပေါ့ အပ်ကြိုးရဲ့အရောင်ကတရုတ်ဆိုင်ကယ်တွေမှာ များသောအားဖြင့်အစိမ်းကြိုးနဲ့တပ်ဆင်အသုံးပြုကြတယိ ဂျပန်ဘီးနဲ့ထိုင်းဘီးတွေကတော့အနက်နဲ့လာတာများသလိုအစိမ်းလဲရှိတတ်ပါတယ် အဲ့လိုgroundလွတ်ပြီဆိုရင်ဘက္ထရီအနှုတ်ကြိုးစကိုဝါယာတချောင်းယာယီအသုံးပြုပြီးအစိမ်းကြိုးမှန်သမျှကိုလိုက်ထောက်ကြည့်ပါ အဖြေမှန်ရရှိပြီးမလိုအပ်သောမီးများပျောက်သွားပါလိမ့်မယ်

ဆိုင်ကယ်ကွိုင်အဖြူတစအဝါတစ်စနဲ့အဝါနစ်စဘာကွာလဲ

ဆိုင်ကယ် ကွိုင်ထုပ် အဝါနစ်စနဲ့ အဖြူတစအဝါတစဘာကွာလဲ?

ရှင်းပါတယ် အဝါရောင်ဝါယာကြိုးနှစ်စသံလိုက်အုံကနေထွက်ပြီးဒိုင်အုတ်ဆီကိုသွားပါတယ်
အဲ့ဒီမှာမမှားဖို့လိုပါတယ် ဘာလဲဆိုတော့ဒိုင်အုတ်ကိုသေချာကြည့်ပြီးမှတပ်ဆင်အသုံးပြုပါ အဝါရောင်ဝါယာကြိုးနှစ်စသုံးတဲ့ကွိုင်နဲ့ဒိုင်အုတ်အကြီးသာလျှင်တွဲဖက်အသုံးပြုရမှာပါ
အကယ်၍သံလိုက်အုံဖက်ကထွက်တဲ့ဝါယာကအဖြူတစအဝါတစဆိုလျှင်ဒိုင်အုတ်အသေးကိုသာလှင်တပ်ဆင်အသုံးပြုရမည်ဖြစ်သည်။ဒိုင်အုတ်မှားလျှင် ဘက္ထရီအားမဝင်တော့ပါ
ယခုဖော်ပြထားသောအချက်အလက်များသည် တရုတ်ဆိုင်ကယ်နှင့်အခြားအဝါရောင်နစ်စသုံးအဖြူတစအဝါတစသုံးဆိုင်ကယ်များအတွက်ကွိုင်နှင့်ဒိုင်အုတ်ရွေးခြယ်တပ်ဆင်ပုံဖြစ်ပါသည်။
အတိုကောက်မှတ်ထားရမှာက အဝါနစ်စမြင်ရင်ဒိုင်အုတ်ကြီး
အဖြူတစအဝါတစမြင်ရင်ဒိုင်အုတ်အသေး

ငါးဆcdiကိုလေးဆပြောင်းနည်း

ငါးဆcdiကိုလေးဆပြောင်းနည်း
ငါးဆcdiတပ်ထားတဲ့ဆော့ကစ်ကိုဖြုတ်ပါ ပြီးလျှင် ဆော့ကစ်မှနက်နီကြားကြိုးကိုဖြတ်ပါ
ပြီလျှင်ဖြတ်ထားသောဆော့ကစ်မှနက်နီကြားကြိုးကိုဆိုင်ကယ်ဝါယာရိန်းလိုင်းအတွင်းမှအနက်ရောင်ဝါယာကြိုးနှင့်ဆက်ပါ ၄င်းနောက်လေးဆcdiတပ်ဆင်၍အသုံးပြုနိုင်ပါပြီ battery charging နှင့်battery ကောင်းရန်လိုအပ်ပါသည်။

အချက်ပြဘူးတပ်ဆင်ပုံ

စီကနယ်အချက်ပြဗူးတပ်ဆင်အသုံးပြုပုံ
 
အချက်ပြဗူး၏ငုတ်နှစ်ငုတ်အခြေကိုကြည့်ပါ
တငုတ်ကBလို့ရေးထားပြီးတငုတ်ကLလို့ရေးထားပါလိမ့်မယ်
Bလို့ရေးထားတဲ့ဖက်ကbatteryအပေါင်းကြိုးဝင်မှာပါတရုတ်ဆိုင်ကယ်ဆိုအနက်ကြိုးဝင်မှာပါယိုးဒယားနဲ့ဂျပန်ဘီးကတော့အညိုရောင် အချို့အနက်ရောင်လာတာများပါတယ် L လို့ရေးထားတဲ့ဖက်ကအထွက်ပါ ကြိုးအရောင်ကခဲရောင်ကြိုးလေးပါ အချက်ပြမီးခလုတ်ရဲ့ဆော့ကစ်ဆီသွားပါတယ်
ခလုတ်ကမှတဆင့်အချက်ပြမီးသီးတွေဆီသို့အပြာနုရောင်နဲ့လိမ္မော်ရောင်ကြိုးများဖြင့်သွားပါတယ်
တရုတ်ဆိုင်ကယ်မှာတော့အပြာနုရောင်ကြိုးကညာဖက်အချက်ပြမီးပါ
လိမ္မော်ရောင်ကတော့ဘယ်ဖက်အချက်ပြမီးပါ

(͡° ͜ʖ ͡°)အတိုမှတ်သားချင်ရင်တော့ညာပြာ ဘယ်မော်လို့မှတ်ပါ

တရုတ်နိုင်ငံထုတ်ဆိုင်ကယ်များ၏ဝါယာမရောင်များနှင့်အလုပ်လုပ်ပုံ

တရုတ်နိုင်ငံလုပ်မော်တော်ဆိုင်ကယ်များ၏ဝါယာကြိုးအရောင်နှင့် အသုံးပြုထားသောအစိတ်အပိုင်းများ

အနီ    battery အပေါင်း(သော့အဝင်ကြိုး)
အနက်batteryအနှုတ် (သော့မှအထွက်ကြိုး)
အစိမ်းgroundအပ်ကြိုး ဘော်ဒီကြိုး
နက်ဖြူကြား သော့ကြိုး စက်ရပ်ရန်အသုံးပြုသည်
အစိမ်းနု ဟွန်းကြိုး
အပြာနု ညာဖက်အချက်ပြ
လိ​မ္မော်​ဘယ်ဖက်အချက်ပြ
မီးခိုးရောင် အချက်ပြခလုတ်သို့သွား
ဝါနီကြား start motor
အနက်(သို့မဟုတ်)အဝါ ရှေ့မီးအဖွင့်အပိတ်ခလုတ်သို့အဝင်
ဖြူပြာကြား(သို့မဟုတ)်အညိုဖြူကြား ရှေ့မီးခလုတ်မှမီးအနီးအဝေးခလုတ်၏အလယ်စသို့သွား
အဖြူ မီးအနီးအဝေးခလုတ်မှရှေ့မီးကြီးသို့သွား
အပြာမီးအနီးဝေးခလုတ်မှရှေ့မီးကြီးသို့သွား
စိမ်းဝါကြား ဘရိတ်မီးကြိုး
အညိုရောင်ကြိုး ရှေ့မီးကြီးအသုံးပြုလျှင်
ဒိုင်ခွက်နှင့်နောက်မီးလင်းရန်အသုံးပြုသောကြိုး

ပလပ်ကွိုင်အဝင်ကြိုးနက်ဝါကြားလွတ်နေလျှင်ဖြစ်တတ်သောပြသနာ

ပလပ်ကွိုင်အဝင်ကြိုးကလစ်(နက်ဝါကြားကြိုး )လွတ်ခြင်းနှင့်ဖြစ်ပေါ်တတ်သောပြသနာများ

ဝပ်ရှော့ဆရာအများစုပြစ်ချက်ရှာရခက်သောအပြစ်မျိုးထဲမှတခုကိုဖော်ပြလိုက်ပါသည်။ဆိုင်ကယ်တစီးသည် စီးရင်းဆီပြတ်သလိုတွန့်ဆုတ်တွန့်ဆုတ်ဖြစ်တတ်ပြီးတခါတရံထိုးရပ်တတ်သည်။ထိုသို့်ကြုံလှင်ဝပ်ရှော့ဆရာများက ပလပ်မကောင်းဟုယူဆပြီးလဲမည်။ သို့သော်ဆိုင်ကယ်ကကောင်းမလာပါ။ကာဗျူရေတာမကောင်းဟုယူဆပြီးလဲမည် ဆေးမည် မထူးခြားပါ။cdiနှင့် မီးထုပ်တွေပါမကောင်းဟုယူစပြီးထပ်လဲသည်ကောင်းမလာပါ။ထိုအခါဆရာများ အကြံအိုက်သွားကြတတ်သည်။ထိုသို့ကြုံခဲ့လျှင် ပလပ်ကွိုင်အဝင်ကြိုး လွတ်မလွတ်ပြန်စစ်ဆေးပါ လွတ်နေလျှင် အထိအမိကောင်းအောင်ပြန်ဆက်သွယ်ပေးပါ များသောအားဖြင့်ကလစ်နှင့်တပ်ထားသောအဝင်ငုတ်များချောင်နေတတ်သောကြောင့်ကလစ်ကိုပလည်ယာဖြင့်ဖိပေးလိုက်လျှင် ဆိုင်ကယ်သည်မီးဆင်းမှန်သွားပြီးလျှင်အကောင်းပကတိအတိုင်းဖြစ်သွားမည်ဖြစ်သည်။မလိုအပ်သည်များလျှောက်မလဲခင်ပလပ်ကွိုင်အဝင်ကိုစစ်ဆေးပါ။

ဘရိတ်နင်းလျှင်ရှေ့မီးလင်းလာခြင်းပြသနာဖြေရှင်းမယ်

ဘရိတ်နင်းလျှင်ရှေ့မီးလင်းလာခြင်းပြသနာဖြေရှင်းကြမယ်

ပြသနာမဖြေရှင်းခင်အတွေ့အကြုံလေးတခုပြောပြမယ် ownerကပြောတယ်ဆရာကျနော့ဆိုင်ကယ်ကဘရိတ်နင်းလိုက်တိုင်းရှေ့မီးကြီးကထထပြီးလင်းနေတယ် လို့ပြောလာတယ်ဗျာ။ဒါနဲ့ကျနော်ကတပည့်တွေကို ကဲရဲဘော်တို့နောက်မီးခွက်ဖြုတ်စမ်းလို့အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ ownerရဲ့နှုတ်က ဟိုးဟိုးဆရာ ကျနော်က ဘရိတ်နင်းတိုင်းရှေ့မီးလင်းလင်းလာလို့ခင်ဗျားဆီလာပြတာနောက်မီးပိုင်းကကောင်းတယ် နားမလည်ရင်မပြင်တော့ဘူးဗျာတဲ့ ကျနော်ကလဲပန်ပြောလိုက်ပါတယ် အကိုပြောတဲ့စကားကျနော်နားလည်တယ်ကျနော်ပြင်တာကောင်းမလာရင်တပြားမှမပေးနဲ့ချိတ်ထားတဲ့ဆိုင်းဘုတ်ပါမြောင်းထဲချပလိုက်လို့ပြောပီးကိုယ်လုပ်စရာရှိတာဆက်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။တပည့်တယောက်ကို ရဲဘော်ရေငါ့ကိုဘရိတ်မီးသီးတလုံးပေးစမ်းဆိုတောင်းပြီးချက်ခြင်းပဲလဲပလိုက်တယ်။ပြီးတော့ဘရိတ်နင်းပြီးownerအကိုရှေ့ကကြည့်ပါ ရှေ့မီးကြီးလင်းနေသေးလားလို့ ဆိုတော့ သူကမလင်းတော့ဘူးဗျတဲ့ သူ့မျက်နှာကအံ့သြနေပြီးသူပြောခဲ့တာတွေအတွက်ကျနော့်ကိုတောင်းပန်တဲ့အကြည့်နဲ့ကြည့်နေတယ်။ကျနော်လဲလုပ်စရာလုပ်ပြီးတာနဲ့ လက်ခ၃၀၀၀တောင်းထားလိုက်တယ်။ကျေကျေနပ်နပ်ကြီးပေးသွားတယ် သူဆိုင်ပေါင်းများစွာရောက်တယ်အဆင်မပြေဘူးတဲ့ ။ပြစ်ချက်ကဘာလဲဆိုတော့ဘရိတ်မီးသီးထဲမှာမီးစနှစ်ဆပါတယ်မလား အေး အဲ့နစ်ဆထဲကဘရိတ်မီးဆကပြတ်ပြီး အောက်ကအစဖြစ်တဲ့passမီးစပေါ်ကိုသွားပြီးထိနေလို့ပါဘဲ။ဝပ်ရှော့ညီအကိုများသတိရှိစွာပြင်ဆင်နိုင်ကြပါစေ။

ဖရီးစတတ်လုပ်ကြမယ်

Free startကောကြိုက်ကြလား
Free startလေးစမ်းကြည့်မယ်
ဘယ်လိုစပြီးလုပ်ကြမလဲ
ပထမအနေနဲ့ ဖရီးမီးစကိုရှာပါ
ပြီးလျှင်စတတ်ခလုတ်အဝင်ကိုကြည့်ပါ
ဘာကြိုးအရောင်နဲ့ဝင်ထားလဲဆိုတာကြည့်မယ်
ဖရီးစတတ်လုပ်မယ်ဆိုရင် စတတ်ခလုတ်အဝင်ကြိုးကအနက်ရောင်ဆိုရင်လုပ်ရတာပိုမြန်မယ် ။အကယ်၍စတတ်ခလုတ်အဝင်ကြိုးကအနက်ရောင်နဲ့ဝင်ထားတယ်ဆိုရင် ဆိုလိုနိုက်ရဲ့ဝါယာအသေးစနစ်စထဲကဝါနီကြိုးစမဟုတ်သောကြိုးကိုဖြတ်ပြီးဂီယာပိုဈေးရှင်း(gear position)နော်မယ်ကြိုးနဲ့ဆက်ပါဒါဆိုရင်ဖရီးစတတ်ရပြီ။
နောက်တနည်းက စတတ်ခလုတ်အဝင်မှာအစိမ်းနဲ့ဝင်ထားရင် အဲ့ဒီအစိမ်းကြိုးကိုဖြတ်ပါပြီးလျှင် ဂီယာပိုဈေးရှင်းကြိုးကနော်မယ်ကြိုးနဲ့တိုက်ရိုက်ဆက်သွယ်လိုက်ပါဖရီးစတတ်ရပြီပေါ့။

ဘရိတ်စတတ်လုပ်ကြမယ်

ဘရိတ်စတတ်လုပ်ကြမယ်
ပထမဦးစွာစတတ်ခလုတ်အဝင်ကိုကြည့်မယ်
အနက်နဲ့ဝင်သလားအစိမ်းနဲ့ဝင်သလားဆိုတာ
ကြည့်မယ် အကယ်၍အနက်နဲ့ဝင်ထားရင်အနက်ကြိုးကိုရှည်ရှည်လေးဖြတ်ပြီးစိမ်းဝါကြားကြိုးနဲ့ဆက်လိုက်ပါဘရိတ်စတတ်ဖြစ်သွားပါပြီ။
နောက်တနည်းကအစိမ်းကြိုးနဲ့စတတ်ခလုတ်မှာဝင်ထားရင် ဆိုလိုနိုက်ရဲ့ကြိုးစအသေးစနစ်စထဲကဝါနီကြားမဟုတ်သောအစကိုဖြတ်ပီးဝါယာရိန်းလိုင်းထဲကစိမ်းဝါကြားကြိုးနဲ့ဆက်လိုက်ပါဘရိတ်စတတ်ရပါလိမ့်မယ်။အားလုံးသောညီအစ်ကိုများ ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်နိုင်ကြပါစေ။