Monday, May 28, 2018

ဝယ်မရသည့်စတတ်ကွိုင်များပတ်ကြမည်

ဝယ်မရသည့်ကွိုင်များပတ်ကြမယ်

တတော်များများဘိန်းကြီးတွေရဲ့start coil တွေဝယ်မရတာများတယ် ကွိုင်ပတ်တဲ့သူဆီသွားပြီးကွိုင်ပတ်ခိုင်းရတယ် လူများရင်စောင့်နေရတာကြာသေးတယ်
ကဲကိုယ့်ဟာကိုယ်ပတ်မယ်ဗျာ ဘာဖြစ်သေးလဲ
ပိုစိတ်ချရမယ် ပိုပြီးကျစ်လစ်အောင်ပတ်မယ်
ဟိုတုန်းကလိုအပတ်ရေကိုမှတ်ထားစရာမလိုတဲ့နည်းလေးနဲ့သင်ပေးမယ်
ကဲဘယ်လိုလုပ်မလဲပြောမယ်
မီတာခလုတ်ကိုx10မှာထားပါ
ပြီးရင်မိမိပတ်ရမဲ့ကွိုင်ကိုစပတ်မယ်
ဒီနေရာမှာပြောစရာတခုရှိပါတယ်ဘာလဲဆိုတော့ coil gate ရွေးတတ်ရပါမယ် coil gateရွေးတာမခက်ပါဘူးမူလကွိုင်အဟောင်းကကွိုင်တစလောက်ရှည်ရှည်လေးဖြတ်ယူပီးexampleအနေနဲ့coilကြိုးဝယ်မဲ့ဆိုင်မှာပြပီးဝယ်လိုက်ပါ ဝယ်ပြီးပြီဆိုတာနဲ့ ကွိုင်အဟောင်းရဲ့formerထဲကကြေးကြိုးလေးတွေကိုအကုန်ရှင်းထုတ်ပလိုက်ပါ ပြီးတာနဲ့ဝယ်လာသောကွိုင်ကြိုးကိုအစလေးချန်ပီးစပတ်ပါတော့ အပတ်ရေမမှတ်ပါနဲ့ formerရဲ့ဘောင်အတွင်းစနစ်တကျစီစီရီရီပတ်နိုင်ဖို့သာဂရုစိုက်ပါ အဲ ပတ်လို့မိမိဖြေထုတ်ထားသောကွိုင်အဟောင်းနီးနီးထုထည်ရလာပြီဆိုရင်တော့စပြီးမီတာနဲ့တိုင်းပါတော့မယ် မီတာနဲ့တိုင်းတော့မယ်ဆိုရင် ကွိုင်စပတ်တုန်းကချန်ထားခဲ့သောကြိုးစကိုခဲချွန်ဓားလေးနဲ့အပေါ်ရံဘန်းနစ်ကာဘာလေးများကွာအောင်ချစ်ပါပြီးရင်အဲ့ချစ်ထားတဲ့နေရာမှာမီတာကြိုးတစထောက်ပါ ပြီးရင်လက်ရှိရပ်နားထားသောကွိုင်ကြိုးနေရာကကြိုးကိုမဖြတ်ပစ်ဘဲအပေါ်ရံကာဘာကွာရုံလောက်သာခဲချွန်ဓားနဲ့ချစ်ပီးမီတာကြိုးတစထောက်ပါ ဒိုင်ခွက်လက်တံသည် မီတာအုန်းတန်ဘိုး ၈၀သော်လည်းကောင်း ၁၀၀ သော်လည်းကောင်းပြနေလျှင် ရပါပြီ မပြသေးလျှင်ဆက်ပတ်ပါ ၈၀အုန်းသို့မဟုတ်၁၀၀အုန်းပြည့်သွားပြီဆိုလျှင် အဲကွိုင်သည်စက်နှိုးဖို့အသင့်ဖြစ်နေသောstart coilဖြစ်သွားပါပြီ ကြိုးဖြတ်ပြီးငုတ်တဖက်တချက်ဆီခဲဆော်လို့ရပါပြီ ၁၀၀အုန်းအထိရောက်အောင်ပတ်နိုင်လျှင်ပိုကောင်းပါသည်။၈၀အုန်းဆိုလျှင်လဲရပါသည်။ညီအကိုများအဆင်ပြေကြပါစေ။

No comments:

Post a Comment